Sports

ယူနိုက်တက်ရယ့် အပြောင်းအရွေ့ ကြန့်ကြာ မှုအပေါ် ဝေဖန်လိုက်တဲ့ နောက်ခံလူဟောင်း စမောလင်း

ယူနိုက်တက်အသင်းရယ့် နောက်ခံလူဟောင်းဖြစ်သူ ခရစ် စမောလင်းကတော့ အပြောင်းအရွေ့ ကိစ္စနှင့် ပတ်သတ်၍ ယူနိုက်တက် အသင်းအပေါ် ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်ရယ့် ဗဟိုခံစစ်မှုးဟောင်းကတော့ ပြီးခဲ့တဲ့ ရာသီတုံးက ရိုးမားအသင်းထံ အငှား သွားရောက် ကစားခဲ့ရပါတယ်။ အီတလီထိပ်သီး ကလပ် ရိုးမားအသင်းမှာ စမောလင်းအနေနဲ့ ပုံစံကောင်းတေ ပြသခဲ့ပါတယ်။ ရိုးမား အသင်းရယ့် တာ၀န်ရှိသူတေက စမောလင်းကို အပြီးသတ်ခေါ်ယူရန် ကြိုးစားခဲ့ပါတတယ်။

ယူနိုက်တက်ရယ့် တောင်းဆိုတဲ့ ပြောင်းရွေးကြေးဟာ ရိုးမားအသင်း အဆင်မပြေခဲ့တဲ့အတွက် ပြောင်းရွေ့မှုဟာ လိုအပ်သည်ထက် ကြာမြင့်ခဲ့ပါတယ်။ ထိုကိစ္စနှင့်ပတ်သတ်၍ စမောလင်းကတော့ ” ကျွန်တော် အတော်လေး စိတ်ပျက်ခဲ့ ပါတယ် ။ ပထမ တစ်ချက်က ကျွန်တော်ရဲ့ အကြောင်းတွေကို အစောကတည်းက ပြောထားခဲ့ ပါတယ် ။ ဒုတိယ တစ်ချက် ကတော့ ကျွန်တော်ဟာ အီတလီ ဈေးကွက် စတင်ပြီး တစ်ရက် ကတည်းက ကျွန်တော့် ရဲ့ အကြောင်းကို ပြောခဲ့တာ ပါပဲ ဆိုးလ်ရှား ရဲ့ လက်အောက်မှာ ကျွန်တော့်ရဲ့ ပွဲထွက် ကစားခွင့် တွေဟာ အကန့်အသတ် ဖြစ်နေ လိမ့်မယ် ဆိုတာ ကျွန်တော် သိနေခဲ့ ပါတယ် ။

အင်္ဂလန် မှာလည်း ဈေးကွက် ပိတ်သိမ်းပါ တော့မယ် ကျွန်တော် ဟာ တစ်ကယ့်ကို စိတ်ပျက်လွန်းစရာ ကောင်း တဲ့ အနေအထား တစ်ရပ်မှာ ရှိနေ ခဲ့ရ ပါတယ်။

ကျွန်တော် ဆိုးလ်ရှားနဲ့ စကားတွေ ပြောခဲ့စဉ် ကလည်း ‘ မင်းရဲ့ နောက်ထပ် ပွဲစဉ်က ဘယ်တော့မှ ကစားရမလဲ ဆိုတာ ငါလည်း အသေအချာ မပြောနိုင်ဘူး ‘ ဆိုတဲ့ စကား ကလည်း ကျွန်တော့် အတွက် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်သွားဖို့ အကြောင်း ဖြစ်စေခဲ့ ပါတယ် ”

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER