Sports

ချန်ပီရံလိဒ် ပွဲကြိုသုံးသပ်ချက်

ကျွန်တော်တို့ရယ့်ယူနိုက်တက်အသင်းအနေနဲ့
အင်္ဂါနေ့ည ဗုဒ္ဓဟူးနေ့နံနက် 2.30ခွဲအချိန်မှာ အစ်စတန်ဘူလ် အသင်းနဲ့ အို့ထရက်ဖိုဒ့်မှာ ချန်ပီရံလိဒ်ပွဲစဉ် ဒုတိယအ‌ကြော့ ယှဉ်ပြိုင်ကစားမှာဘဲ ဖြစ်ပါတယ်။

ပထမအကြော့ကို November 5ရက်နေ့မှာတုံးက ယှဉ်ပြိုင်ခဲ့ပြီး ယူနိုက်တက်တို့အနေနဲ့ နောက်တန်းအမှားအယွင်းတေနဲ့ အသင်းစိတ်ဓာတ်မှာလည်း ကျဆင်းခဲ့ရပြီး အစ်စတန်ဘူလ်အိမ်ကွင်းမှာ 2.1ဖြင့်ရှုံးနိမ့်ခဲ့ရပါတယ် ထိုပွဲစဉ်ကို ခြုံငုံကြည့်လျှင် အစ်စတန်‌ဘူလ်ရယ့် တန်ပြန်တိုက်စစ်သွင်းဂိုးတေကို ယူနိုက်တက်တို့အနေနဲ့သေချာထိန်းသိမ်းနိုင်ခြင်းအားနည်း ခဲ့တာကိုတွေ့ရပါတယ်။

ယခုအို့ထရတ်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်မယ့် ပွဲမှာတော့ ယူနိုက်တက်တို့အနေနဲ့ ပထမအကြော့က အမှားတေ ကို မမှားဖို့လိုအပ်လာမှာဘဲဖြစ်ပါတယ်။ ပထမအကြော့အပြီး နှစ်သင်းစလုံးရယ့်ကြားပွဲတေကိုကြည့်မယ်ဆိုရင် အစ်စတန်ဘူလ်အနေနဲ့ တစ်ပွဲနိုင် နှစ်ပွဲ ရှုံးနိမ့်ထားပြီး ယူနိုက်တက်တို့ကတော့ နှစ်ပွဲကစား နှစ်ပွဲအနိုင်ရထားတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးရှားအနေနဲ့ကတော့ ပထမအကြော့ အမှားတေကို ဘလိုပြင်ဆင်သွားမလဲကို စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။ အစ်စတန်ဘူလ်က ဒမ်ဘာဘာ နဲ့အီဒင် ဗစ်စကာတို့ကတော့ စောင့်ကြည့်သွားရမယ့်ကစားသမားတေဘဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကတော့ ဆိုးရှားအနေနဲ့ ခြေစွမ်းကျဆင်းနေတဲ့ မာရှယ်အစား ကာဗာနီ ကို သတ္တိရှိရှိသုံးဖို့လိုအပ်တာလည်းဖြစ်ပါတယ်။ ယူနိုက်တက်တို့ကတော့ အုပ်စုအဆင့်ကတက်ရောက်ဖို့ မဖြစ်မနေ အနိုင်ယူဖို့လည်း လိုအပ်နေပါတယ်။ ဒီပွဲကတော့ ယူနိုက်တက်ပရိတ်သတ်တေအနေနဲ့ စောင့်ကြည့်သင့်တဲ့ ပွဲကောင်းတစ်ပွဲဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER