Sports

ယူနိုက်တက်နဲ့အတူ အောင်မြင်မှုတွေ ရယူချင်တယ် ဆိုတဲ့ ဘစ်ဆာကာ

ယူနိုက်တက်ပရိတ်သတ်တွေရယ့်အချစ်တော် ပင်ကူလူသားလေးလို့ လူပြောများတဲ့ ညာနောက်ခံလူ ဘစ်ဆာကာကတော့ ယူနိုက်တက်နဲ့အတူ အောင်မြင်မှုတွေရယူချင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ချန်ပီယံလိဂ် ပွဲကြို အင်တာဗျူးမှာပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ” ဒီပြိုင်ပွဲကတော့ ကျနော်တို့သာမက အခြား အသင်းတွေအနေနဲ့လည်း အခက်အခဲတွေရှိလာခဲ့ပါတယ်။

ကျတော်တို့အနေနဲ့ကတော့ အကောင်းဆုံးခြေစွမ်းပြကစားပြီး ဖိအားတွေအောက်ကနေ ရုန်းထွက်ဖို့ အကောင်းဆုံးကြိုးစားမှာပါ။ ကျတော်ကတော့ လက်ရှိ အသင်းမှာ ပုံမှန်စွမ်းဆောင်ရည်တွေကို ပြသနိုင်ဖို့ပဲ အဓိကပစ်မှတ်ထားပြီး ကျတော့်ရဲ့ ကစားသမားဘဝ အောင်မြင်မှုတွေကို ယူနိုက်တက်နှင့်အတူ ရယူချင်ပါတယ် ”


ဘစ်ဆာကာကတော့ မှာ ခရစ်စတယ်ပဲလေ့စ်ကနေ ယူနိုက်တက်သို့ရောက်ရှိခဲ့ပါတယ်။ သူ့ရယ့်ပွဲဦးထွက် ချဲလ်ဆီးနဲ့ပွဲစဉ်မှာ သူရယ့်ညာခြမ်းရယ့် လုံခြုံမှုတေ လျှောထိုးဖြတ်ထိုးမှုတေက ယူနိုက်တက်ပရိတ်သတ်တေရယ့် အချစ်ကို သိမ်းပိုက်ခဲ့သူလည်းဖြစ်ပါတယ်။

ဘစ်ဆာကာဟာ ယူနိုက်တက်နဲ့အတူ 42ပွဲကစားထားပြီး တစ်ဂိုးသွင်းယူထားတာလည်းဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER