Sports

နည်းပြ ဆိုးလ်ရှား ဖြေရှင်းဖို့ မေ့လျော့နေတာလား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အကယ်ဒမီထွက်တစ်ဦးဖြစ်တဲ့ ဟန်ဒါဆင်ဟာ လက်စွမ်းတွေပြ​သဖို့ ပွဲထွက်ခွင့် အရေး စာလောင်နေပါတယ် လူငယ်တစ်ယောက် ဖြစ်တာနဲ့အညီ အခွင့်အရေးတွေ ရယူဖို့ ဆန္ဒတွေပြည့်ဝနေပါတယ်။

ယူနိုက်တတ် မှာ ယင်းဂိုးသမားအနေနဲ့ နံပါတ် နှစ် နေရာမှာ ရောက်ရှိနေတဲ့အတွက် ပွဲထွက်ခွင့် နည်း ပါးလာမှုပြသနာက အနာဂါတ်အတွက် လမ်းပိတ်မှုတစ်ခု ဖြစ်လာနိုင်တဲ့အတွက်ဆောင်းရာသီ စျေးကွက် အပြောင်းအရွေ့အတွက် ယူနိုက်တတ်မှ အဌားနဲ့ထွက်ခွာဖို့ ရှိနေပါတယ် ။

​ပြီးခဲ့တဲ့ရာသီက ရှက်ဖီးယူနိုက်တက်မှာလက်စွမ်းပြနိုင်ခဲ့ပါတယ် ဒီနှစ်ယူနိုက်တက်ကို ပြန်ရောက်ချိန်မှာတော့ ဒီဂီယာရဲ့ နောက်မှာ ရပ်တည်နေရတဲ့အတွက်ပွဲထွက်ခွင့်နည်းပါးကာယင်းကစားသမားအနေနဲ့ အင်္ဂလန်အသင်းအတွက် ထပ်မံရွေးချယ်ခံရဖို့ ပွဲထွက်ခွင့်တွေ လိုအပ်နေတာပါ။

ဟန်ဒါဆင်ကို အငှားနဲ့ ခေါ်ဖို့ပရီးမီးယားလိဂ်ပြိုင်ဖက်တွေဖြစ်တဲ့ လိဒ်နဲ့ ဘရိုက်တန်တို့ကစိတ်ဝင်စားနေ ကာ ရှက်ဖီးယူနိုက်တတ် အသင်းဆီ ထပ်မံသွား ရောက်ပြီ လက်စွမ်းပြသမလား စောင့်ကြည့်ဖွယ်ရှိပါတယ်။

နည်းပြ ဆိုးလ်ရှား အနေနဲ့ ဂိုးသမားပြသနာကို ဖြေရှင်းဖို့ မေ့နေတယ်ထင်ပါတယ်။

တတိယ နေရာမှာ ရပ်တည်နေရတဲ့ ဂိုးသမား ရိုမဲရိုး နဲ့ အဆင်မပြေသလို ဆောင်းရာသီ စျေးကွက်မှာလည်း ယူနိုက်တတ်နဲ့ လမ်းခွဲဖို့ ရှိနေပါတယ်။

ရိုမဲရိုးဟာ ယူနိုက်တတ် အသင်းမှာ မေ့လျော့ခံ ကစားသမားတစ်ယောက်အဖြစ် ဆက်ရှိဖို့ မသေချာတော့ပါဘူးယင်းကစားသမားဟာဆောင်းစျေးကွက်မှာ ယူနိုက်တတ်နဲ့လမ်းခွဲသွားမှာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode








PHOTOS CREDIT TO OWNERS
SPORTS GABER