Sports

ယူနိုက်တက်ပွဲထွက်လာမယ့် ခန့်မှန်းလူစာရင်း

ကျွန်တော်တို့ရယ့်ယူနိုက်တက်အသင်းအနေနဲ့
အင်္ဂါနေ့ည ဗုဒ္ဓဟူးနေ့နံနက် 2.30ခွဲအချိန်မှာ အစ်စတန်ဘူလ် အသင်းနဲ့ အို့ထရက်ဖိုဒ့်မှာ ချန်ပီရံလိဒ်ပွဲစဉ် ဒုတိယအ‌ကြော့ ယှဉ်ပြိုင်ကစားမှာဘဲ ဖြစ်ပါတယ်။

ပထမအကြော့ကို November 5ရက်နေ့မှာတုံးက ယှဉ်ပြိုင်ခဲ့ပြီး ယူနိုက်တက်တို့အနေနဲ့ နောက်တန်းအမှားအယွင်းတေနဲ့ အသင်းစိတ်ဓာတ်မှာလည်း ကျဆင်းခဲ့ရပြီး အစ်စတန်ဘူလ်အိမ်ကွင်းမှာ 2.1ဖြင့်ရှုံးနိမ့်ခဲ့ရပါတယ်။

ထိုပွဲစဉ်ကို ခြုံငုံကြည့်လျှင် အစ်စတန်‌ဘူလ်ရယ့် တန်ပြန်တိုက်စစ်သွင်းဂိုးတေကို ယူနိုက်တက်တို့အနေနဲ့ သေချာထိန်းသိမ်းနိုင်ခြင်း အားနည်းခဲ့တာကိုတွေ့ရပါတယ်။ ယခုအို့ထရတ်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်မယ့် ပွဲမှာတော့ ယူနိုက်တက်တို့အနေနဲ့ ပထမအကြော့က အမှားတေ ကို မမှားဖို့လိုအပ်လာမှာဘဲဖြစ်ပါတယ်။

ပထမအကြော့အပြီး နှစ်သင်းစလုံးရယ့်ကြားပွဲတေကိုကြည့်မယ်ဆိုရင် အစ်စတန်ဘူလ်အနေနဲ့ တစ်ပွဲနိုင် နှစ်ပွဲ ရှုံးနိမ့်ထားပြီး ယူနိုက်တက်တို့ကတော့ နှစ်ပွဲကစား နှစ်ပွဲအနိုင်ရထားတာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးရှားအနေနဲ့ကတော့ ပထမအကြော့ အမှားတေကို ဘလိုပြင်ဆင်သွားမလဲကို စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

လူစာရင်းမှာ လင်ဂတ်တစ်ယောက်တော့ ကွာရန်တင်း၀င်နေရတာ ဖြစ်နေတဲ့အတွက် ယခုပွဲမှာ လွဲချော်မှာဘဲဖြစ်ပါတယ်။ တိုက်စစ်နေရာမှာတော့ ကာဗာနီ မာရှယ် ဂရင်းဝုဒ်တို့ ထွက်လာမယ်လိူ့လည်း ခန့်မှန်းထားပါတယ်။ ဘရူနိုကတော့ ပွဲပန်းအနေအထားရှိတဲ့အတွက် ကွင်းလယ်မှာ ပေါ့ဘာ ဗန်ဒီဘစ် မာတစ်တို့ကို ထည့်လာမယ့် အခြေအနေမှာရှိပါတယ်။

လုရှောကတော့ ဒဏ်ရာပြသနာ ရှိနေတဲ့အတွက် နောက်တန်းမှာတော့ တဲလက်စ် ဘစ်ဆာကာ မက်ဂွိုင်းယား တွမ်ဇမ်ဘီတို့ရှိနေတာဖြစ်ပါတယ်။

ဂိုးသမားကတော့ ဟန်ဒါဆန် ဖမ်းမယ်လို့ခန့်မှန်းထားပါတယ်။

ယခုပွဲကတော့ မဖြစ်မနေအနိုင်ရဖို့အတွက် ယူနိုက်တက်တို့ ရေကုန်ရေခမ်းကစားသွားမယ့်ပွဲလည်းဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode









TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER