Sports

အို့ထရတ်ဖို့ဒ်မြေပေါ်ကို ပြိုင်ဘက်အဖြစ်ပြန်လည်ရောက်ရှိခဲ့တဲ့ ယူနိုက်တက် ကစားသမားဟောင်း ရာဖေး

ယူနိုက်တက်ပရိတ်သတ်တေရယ့် အချစ်တော် တစ်ချိန်က သရဲနီတပ်သားဟောင်း ရာဖေး နဲ့ ဖာဘီဟို ဆိုရင်လူတိုင်းသိကြမှာပါ။

ရဖေးကတော့ အစ်စတန်ဘူလ် အသင်းမှာ ကစားနေပြီး ယူနိုက်တက်နှင့် ချန်ပီရံလိဒ် ဒုတိယအကြော့ ယှဉ်ပြိုင်ရန် အို့ထရတ်ဖို့ဒ် ကွင်းသို့ရောက်ရှိလာခဲ့ပါတယ်။ ထို့သို့ရောက်ရှိလာခဲ့တဲ့အပေါ် ရာဖေးက

” အို့ထရတ်ဖို့ဒ်ကို ပြန်လာရတဲ့ ခံစားချက်က ပြောမပြတတ်အောင်ပါပဲ ကျတော့အိမ်မက်တွေ တကယ်ဖြစ်ခဲ့တဲ့ ကျတော်ချစ်တဲ့ ပျော်စရာကောင်းခဲ့တဲ့ ဒီနေရာ ကို နောက်တစ်ကြိမ် ထပ်ခြေချမိလိုက်ရတာ တကယ် အံ့ဩ၀မ်းသာစရာ ပါဗျာ Twitter,IGတို့မှာလည်း စာတွေ အများကြီး ရခဲ့တယ်။

ဒါတွေကို ဖတ်ပြီး ကျတော် ကျေနပ်မိပါတယ် ဒီအတွက် ယူနိူက်တက်ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

ကျတော်ဟာ မန်ချက်စတာယူနိုက်တက် ရဲ့ ပရိတ်သတ်တစ်ယောက်ပါ အရင်တုန်းက လို့ ပြောတာ မဟုတ်ဘူးနော် ထာဝရအတွက် ပြောတာပါ ”

ရာဖေးဟာ ယူနိုက်တက်နဲ့အတူ ပွဲပေါင်း170ပွဲကစားထားပြီး သွင်းဂိုးငါးဂိုးရယူပေးထားတာလည်းဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER