Local News

ယောက္ခမကြီး လို့ ခေါ်ခံရလည်း စိတ်မဆိုးပါဘူး ဆိုတဲ့ ခိုင်သင်းကြည်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးကြီးဖြစ်တဲ့ ခိုင်သင်းကြည်ကိုတော့ ချစ်ပရိသတ်ကြီးရဲ့ ရင်ထဲမှာအမြဲရှိနေမှာပါ။မခိုင်လို့ အများက ချစ်စနိုးခေါ်ကြတဲ့ ခိုင်သင်းကြည်ကတော့ စွယ်စုံရ မင်းသမီးဖြစ်ကာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုတွေ ပိုင်ဆိုင်ထားကာ ပရိသတ်များစွာရဲ့ အားပေးမှုကို အခိုင်အမာရထားတာလည်းဖြစ်ပါတယ်။

မခိုင်ကတော့ သူမတင် ထူးချွန်သာမကဘဲ သမီးလေးဖြစ်သူ စံထိပ်ထားကိုပါ လက်တွဲခေါ်နိုင်သူလည်းဖြစ်ပါတယ်။မခိုင်လေးကတော့ သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ အခုချိန်ထိကို နုပျိုလှပနေတာလည်း မခိုင်လေးရဲ့ အလှတရား လျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။မခိုင်လေး ကတော့ ချစ်စရာကောင်းပြီး ပွင့်ပွင်းလင်းလင်းပြောဆိုတတ်တဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေကြတာလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ မခိုင်လေးဟာ သမီးလေးစံထိပ်ထားဦးရဲ့ အသက် (၁၈)နှစ်ပြည့် မွေးနေ့အတွက် ဝေဘာဂီဆေးရုံးမှာ အလှူငွေ ၁၈ သိန်း ကို သမီးလေးနဲ့ အတူ သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ သမီးလေးရှင်ဖြစ်တဲ့ မခိုင်လေးကတော့ ယောက္ခမကြီးလို့ခေါ်ခံရလဲ စိတ်မဆိုးပါဘူးလို့ ပြောလာခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် မခိုင်လေးရဲ့ interview ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Crd Swelsone News