Sports

ဟက်ထရစ်ယူလို့ရပေမယ့် အသင်းဖော်တေကို သူ့ရယ့် စိတ်ဓာတ်ကို ပြသသွားတဲ့ ဖာနန်ဒက်

ယူနိုက်တက်တို့အနေနဲ့ အစ်တန်ဘူလ်နဲ့ ကစားသွားတဲ့ ဒုတိယအကြော့ပွဲစဉ်မှာတော့ 4ဂိုး 1ဂိုးဆိုတဲ့ ရလဒ်ဖြင့် ရှုံးကြွေးကို လှလှပပပြန်ဆပ်နိုင်ခဲ့ပါတယ်။

ပွဲချိန် 35မိနစ်အရောက်မှာတော့ အစ်တန်ဘူလ်အသင်းရယ့်နောက်ခံလူက မားကပ်ရက်ဖို့ ကို ကြမ်းတမ်းစွာဖြတ်ထုတ်ခဲ့တာ‌ကြောင့် ပင်နယ်တီရခဲ့ပါတယ်။

ရှေ့မှာ နှစ်ဂိုးသွင်းထားတဲ့ ဘရူ‌နိုအနေကတော့ ဟက်ထရစ်အတွက် ပင်နယ်တီမကန်ဘဲ ရက်ဖို့ကို ကန်စေခဲ့ပါတယ်။ ထိုသို့ ကန်စေခဲ့တဲ့အပေါ် ဘရူနိုက “ကစားသမားတိုင်းဟက်ထရစ်သွင်းချင်တာမှန်ပါတယ်။

ဒါပေမယ့် နောက်ရလာမယ့်ပင်နယ်တီကိုမင်းကန်တော့ လို့ Rashford ကို ဝက်စ်ဘရွန်းနဲ့ပွဲအပြီးမှာကျနော်ပြောခဲ့တယ်။ ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာလည်း သူပါနေတာကိုကျနော်သတိရနေတာကြောင့်လည်းပါတာပေါ့။ ဒါကြောင့် ဒီဂိုးကသူ့အတွက်သာမကသူ့ရဲ့ယုံကြည်ချက်တွေအတွက်ပါအရေးပါနေမယ်လို့ ကျနော်တွေးလိုက်တယ်”

“ပင်နယ်တီတွေကိုဘယ်သူကန်ကန်အရေးမကြီးပါဘူး။ အရေးကြီးတာဝင်အောင်ကန်ဖို့ပဲ။

ဒါကြောင့် အသင်းဂိုးသွင်းနိုင်ရင် ကျနော်ဂိုးသွင်းနိုင်တာနဲ့အတူတူပဲပေါ့”

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER