Sports

ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ် ဖာနန်ဒက်

ပေါ်တူဂီကွင်းလယ်ကစားသမားသည် ဇန်နဝါရီလတွင် Sporting Lisbon အသင်းမှ ထွက်ခွာ ယူနိုက်တတ် အသင်းနဲ့ လက်မှတ်ထိုးကတည်းကလုံးဝစိတ်လှုပ်ရှားစရာဖြစ်လာခဲ့တဲ့ ဖာနန်ဒက် ဟာ ကွင်းလယ်မှာ အရေးပါမှုက ယူနိုက်တတ်အသင်းအတွက် ရမှတ်တွေ အပြည့်ဝ ယူဆောင်ပေးနေတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဝက်စ်ဘရွန်းနဲ့ပွဲမှာလည်းယူနိုက်တက်၏ကယ်တင်ရှင်ဖြစ်ကြောင်းတစ်လုံးတည်းသော အနိုင်ဂိုးနဲ့ သက်သေပြခဲ့ပါတယ်။

ဖာနန်ဒက် လက်ရှိအချိန်မှာ ယူနိုက်တတ် အသင်းရယ့် ဂိုးသွင်း အများဆုံး ဖြစ်ကာ ယူနိုက်တတ် အဓိက ကစားသမား တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲစုံ ၁၃ပွဲ ကစားထားကာ ၉ဂိုးသွင်း ဖန်တီးမှု ၅ကြိမ်ပြုလုပ်ထားတဲ့ စွမ်းဆောင်ရည် ကောင်း ကစားသမား တစ်ယောက်ဖြစ်ပါတယ်။

ယင်းကစားသမား အနေနဲ့ လက်ရှိအချိန် မှာ ပရီးမီးယားလိဂ်ရယ့် ပြိုင်ပွဲစုံ ဂိုးသွင်း အများဆုံးအဖြစ် မှတ်တမ်းကောင်းတွေ ရရှိနေပါတယ်

ယူနိုက်တတ် ပွဲစဥ်အားလုံး ပြိုင်ပွဲ စုံ ၃၅ပွဲ ပါဝင်ထားတဲ့ ဖာနန်ဒက်ဟာ စွမ်းဆောင်ရည် အပြည့်နဲ့ ၂၁ဂိုး သွင်းယူထားကာ ဂိုးဖန်တီးပေးမှု ၁၅ကြိမ်အထိ ရအောင် ပြုလုပ်ပေး နိုင် ခဲ့ပါတယ်။

ယူနိုက်တက်တို့အနေနဲ့ အစ်တန်ဘူလ်နဲ့ ကစားသွားတဲ့ ဒုတိယအကြော့ပွဲစဉ်မှာတော့ 4ဂိုး 1ဂိုးဆိုတဲ့ ရလဒ်ဖြင့် ရှုံးကြွေးကို လှလှပပပြန်ဆပ်နိုင်ခဲ့ပါတယ်

ဖာနန်ဒက် ကတော့ အစ်တန်ဘူလ်နဲ့က ပွဲစဥ်အပြီး
“ပင်နယ်တီတွေကိုဘယ်သူကန်ကန်အရေးမကြီးပါဘူး။ အရေးကြီးတာဝင်အောင်ကန်ဖို့ပဲ။ ဒါကြောင့် အသင်းဂိုးသွင်းနိုင်ရင် ကျနော်ဂိုးသွင်းနိုင်တာနဲ့အတူတူပဲပေါ့”ပြောဆိုခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode








PHOTOS CREDIT TO OWNERS
SPORTS GABER