Local News

ကမ္ဘာတစ်ဝှမ်းကစိန်ခေါ်လာတဲ့ဖိုက်တာတွေကိုရဲဝံ့စွာ တုန့်ပြန်လိုက်တဲ့ကမ္ဘာ့ လက်ဝှေ့ဘုရင်ဒေဝ

ကမ္ဘာတစ်ဝှမ်းကစိန်ခေါ်လာတဲ့ဖိုက်တာတွေကိုရဲဝံ့စွာ တုန့်ပြန်လိုက်တဲ့ကမ္ဘာ့ လက်ဝှေ့ဘုရင်ဒေဝ

မကြာသေးမီက ကမ္ဘာ့ဖလား ချန်ပီယံဆုကို စိန်ခေါ်လာသူ အမေရိကန် ဖိုက်တာCyrus Washingtonကို Dave Leduc အမေရိကန်မှာ အနိုင်ယူပြပြီးမြန်မာ့ဂုဏ်ကိုမြှင့်တင်ပေးခဲ့သူပါ။

ဒါကြောင့် လက်ဝှေ့ဘုရင်ဒေဝ King of Lethwei လို့ တင်စားခေါ်ဝေါ်ကြတဲ့ သူ့ကိုထိုးသတ်ချင်သူတွေကမ္ဘာတစ်ဝှမ်းမှာ အတော်များလာခဲ့ပါတယ်.ဒီအကြောင်းကို
ဒေဝက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာခုလို ရေးသားထားပါတယ်။

ကျွန်တော့်ကို ကမ္ဘာတစ်ဝှမ်းက ဖိုက်တာတွေက ယှဉ်ပြို င်ထိုးသတ်ဖို့ စိန်ခေါ်လာကြပါတယ်။သူတို့အနေနဲ့ကျွန် တော်နဲ့ထိုးပြီး လူသိများလာတဲ့အခါ ဝင်ငွေရဖို့ လုပ်ချင်ကြပုံပါပဲ။ဒါပေမယ့် မထိုးခင်မှာတကယ်ဖြစ်နိုင်ရဲ့လားဆိုတာ သူတို့ကိုယ်သူတို့ ဆန်းစစ်ဖို့လိုပါတယ်။

ကျွန်တော်တို့ရဲ့ မြန်မာ့လက်ဝှေ့ တကယ်ကို လူသိများလာခဲ့ပါပြီ။မြန်မာ့ဂုဏ်သိက္ခာအတွက် ကျွန်တော်အမြဲ ထိုးသတ်သွားမှာပါ။မြန်မာလူမျိုးမဟုတ်ပေမဲ့ မြန်မာတွေအတွက် ပေးဆပ်ပြီး ကမ္ဘာကျော်အောင်လုပ်ပေနေတဲ့ဒေဝအတွက် ချီးကျူးစကားလေးဆိုခဲ့ကြပါအုံးနော်။ခရက်ဒစ်