Sports

ယူနိုက်တက်ရယ့် ပွဲထွက်လူစာရင်းမှာ ပါ၀င်နိုင်ဖို့ လုံလောက်တဲ့ခြေစွမ်းတွေရှိနေပြီဖြစ်တဲ့ ဒန်နီရယ်ဂျိန်း

မနေ့ညက အစ်စတန်ဘူလ် အသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်ပရိတ်သတ်တေရယ့် အချစ်တော် ဝေးလ်လက်‌ရွေးစင်အသင်းရယ့် ကြယ်ပွင့် ဒန်နီရယ် ဂျိန်းကတော့ လှပတဲ့ ချန်ပီရံလိဒ်သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒန်နီရယ်ဂျိန်းဟာ ပွဲချိန် 59မိနစ်မှာ ရက်ဖို့နဲ့ လူစားလဲ၀င်ရောက်လာခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာ သူ့ရယ့်လျင်မြန်မှုဟာ တစ်ဖက်အသင်းနောက်တန်းကိုအလုပ်ရှုပ်‌ စေခဲ့ပါတယ်။ ပွဲချိန် မိနစ်90အရောက်မှာ ဂရင်းဝုဒ်ရယ် သေသပ်တဲ့ ဂိုးဖန်တီးမှုနဲ့အတူ လှပသေသပ်စွာသွင်းယူခဲ့ပါတယ်။

ပြီးခဲ့နိုင်ငံပွဲစဉ်တေတုံးက ဖင်လန်အသင်းနဲ့ ပွဲစဉ်မှာ ကိုက်၂၀ကနေ အလွန်ကောင်းမွန်သေသပ်တဲ့ သွင်းဂိုးကို လှလှပပ သွင်းယူသွားပါတယ်။ ဂျိမ်းသည် ပင်နယ်တီဧရိယာအပြင်ဘက်ကနေ အားပါပြင်းထန်တဲ့ ဂိုးကန်သွင်းချက်ကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဖင်လန်ဂိုးသမား ဘယ်လိုမှ မတတ်နိုင်တဲ့ ဂိုးအပေါ်ထောင့်ထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဝေး အသင်းကြယ်ပွင့် တိုက်စစ် ကစားသမား ဂျိမ်းသည် 2019 ခုနှစ်မှာ အိုးထရက်ဖို့ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ရောက်ရောက်ချင်း 4 ပွဲမှာ 3 ဂိုးသွင်းယူပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဂျိမ်းသည် ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ဆက်လက်မပြသနိုင်ဘဲ သိသိသာသာကျဆင်းသွားပ့တယ်။


သူ့နေရာ ကို ယူနိုက်တက်နည်းပြဆိုးရှား‌အနေနဲ့ Greenwood နဲ့ မာတာတို့ကို ပြောင်းလဲခဲ့ပါတယ်။

ထို့နောက်ပိုင်း အရန်စာရင်းမှာဘဲ ဂျိမ်းကို မြင်တွေ့ခဲ့ရပါတယ်။

ထိုလှပတဲ့ သွင်းဂိုး‌ တေနဲ့အတူ ဂျိမ်းဟာ အသင်းရယ့် ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်ကစားပေးနိုင်ဖို့အတွက် လုံလောက်တဲ့ပြသမှုမျိုး ပြုလုပ်နိုင်ခဲ့ပြီလို့ မျှော်လင့်ရမှာဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode









TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER