Sports

ပွဲထွက်ခွင့်တွေထပ်ရဖို့ မျှော်လင့်နေတဲ့ ဗန်ဒီဘိဒ်

ယူနိုက်တတ် အိုးထရက်ဖို့ကွင်းမှာ မနေ့ည ၂နာရီ ခွဲက ယှဥ်ပြိုင်ကစားခဲ့ ချန်ပီယံ လိဂ်ပွဲစဥ်မှာ ပွဲထွက် လူစရင်းက ယခင်ကနဲ့ မတူညီပဲ နည်းပြဆိုးလ်ရှား ပထမဆုံးအနေနဲ့ အသုံးပြုခဲ့တဲ့ပွဲဖြစ်ပါတယ် ယူနိုက်တတ် အနေနဲ့ ဆောင်းရာသီ စျေးကွက်မှာ ပေါ့ဘာ တစ်ယောက်ကို လက်လွတ်မှာ ဖြစ်လို့ no 10 နေမှာ ကစားနေတဲ့ဗန်ဒီဘိဒ် ကို no6 နေရာမှာ အသုံးပြုသွားပါတယ် ဗန်ဒီဘိဒ်ကို ဖရက် နဲ့ တွဲဖက်ပြီး ကွင်းလယ်မှာ အတက်အဆင်း ​နဲ့ ဖန်တီးမှုပိုင်း လှုပ်လှုပ်ရှားရှားနဲ့ ပြောင်းလဲကစားခဲ့ပါတယ်။

ယင်းပွဲစဥ်မှာ ကာဗာနီ ဗန်ဒီဘိဒ် တဲလက် တို့ ပွဲထုတ်လာပါတယ် ထိုကစားသမား သုံးယောက် ဟာ
ပြီးခဲ့တဲ့ အပြောင်းအရွေ့ စျေးကွက်တုန်းက ဝယ်ယူထားတဲ့ ကစားသမား 3 ယောက်လည်းဖြစ်ပါတယ် ပွဲထုတ်ကစားစေခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီး အသင်းရဲ့ ကစားပုံနဲ့ ရလဒ်ပိုင်းကလည်း ကျေနပ်ဖွယ်ဖြစ်ခဲ့ပါတယ်။

ဗန်ဒီဘိဒ် ရဲ့ ဒီနေ့ပွဲစွမ်းဆောင်ရည်ကို နည်းပြဆိုးရှားကလည်း အသိအမှတ်ပြုချီးကျုးခဲ့သလို လာမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာလည်း ပါဝင်ကစားခွင့်ရမယ်လို့ ဗန်ဒီဘိဒ်ကမျှော်လင့်ထားပါတယ်။

ယူနိုက်တက်တို့အနေနဲ့ အစ်တန်ဘူလ်နဲ့ ကစားသွားတဲ့ ဒုတိယအကြော့ပွဲစဉ်မှာတော့ 4ဂိုး 1ဂိုးဆိုတဲ့ ရလဒ်ဖြင့် ရှုံးကြွေးကို လှလှပပပြန်ဆပ်နိုင်ခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER