Local News

သူအပါအဝင် မြင့်မြတ်နဲ့ကေညီတို့ကပါ positiveဖြစ်ပြီး Qဝင်နေရတဲ့ နေလင်းနဲ့ တွေ့ဆုံထိတွေ့ခဲ့တဲ့အကြောင်းပြောပြလာတဲ့ ယုန်လေး

သူအပါအဝင် မြင့်မြတ်နဲ့ကေညီတို့ကပါ positiveဖြစ်ပြီး Qဝင်နေရတဲ့ နေလင်းနဲ့ တွေ့ဆုံထိတွေ့ခဲ့တဲ့အကြောင်းပြောပြလာတဲ့ ယုန်လေး

အနုပညာလောကမှာ စည်းလုံးပြီး ချစ်စရာကောင်းတဲ့ သူငယ်ချင်းဆက်ဆံရေးလေးတွေနဲ့ အမြဲမြင်တွေ့ကြရသူတွေကတော့ မြင့်အြတ်၊ ယုန်လေး၊ ထူးခြားနဲ့ ကေညီတို့ သူငယ်ချင်းအဖွဲ့ပဲ ဖြစ်ပါတယ်နော်..။

ဇာတ်ကားတွေရိုက်ကာ အနုပညာအလုပ်တွေကို အတူလုပ်ဆောင်နေကြသလို အပြင်လက်တွေ့ဘဝမှာလည်း မကြာခဏဆိုသလို အမြဲတတွဲတွဲနဲ့ ဆုံတွေ့ကြပြီး ပျော်စရာပုံလေးတွေကို ဝေမျှတတ်ကြပါတယ်နော်..။

အခုတစ်ခါမှာလည်း ယုန်လေးတစ်ယောက် သူတို့သူငယ်ချင်းတွေ အတူတွေ့ဆုံခဲ့တဲ့ အမှတ်တရပုံလေးဝေမျှရင်း ကိုဗစ်ရောဂါကူးစက်ခံရကာ Q ဝင်နေရတဲ့ သရုပ်ဆောင်နေလင်းနဲ့ လွန်ခဲ့တဲ့တစ်လကျော်လောက်က တွေ့ဆုံခဲ့တဲ့အကြောင်း ပြောပြလာပါတယ်နော်..။

လွန်ခဲ့တဲ့ တစ်လကျော်က တွေ့ဆုံခဲ့တာမို့ ကံကောင်းသွားတဲ့အကြောင်းလေးပြောရင်း နေလင်းအတွက် အားပေးစကားလေးလည်းပြောထားပြီး အတူဆုံခဲ့တဲ့ ပုံလေးကိုလည်း ဝေမျှထားတာပါ..။

“ဒီပုံလေး က လွန်ခဲ့တဲ့ ၁လကျော်ကမို့

ကံကောင်းသွားတယ်

ကိုနေလင်း Fighting. .” ဆိုပြီး အုပ်စုလိုက်ရိုက်ကူးထားတဲ့ အမှတ်တရပုံလေးကို ဝေမျှရင်း ပြောပြထားတာပါနော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း ယုန်လေးကို စနောက်ထားကြသလို Q ဝင်နေရတဲ့ နေလင်းအတွက် အားပေးစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။မူရင်းလေးစားလျက်crd

Unicode







