Local News

ဖာနန်ဒက်စ်ဟာ ကွင်းလယ်ဗိုလ်ချုပ်ဖြစ်နေခဲ့ပြီလား

ပေါ်တူဂီကွင်းလယ်ကစားသမားသည် ဇန်နဝါရီလတွင် Sporting Lisbon အသင်းမှ ထွက်ခွာ ယူနိုက်တတ် အသင်းနဲ့ လက်မှတ်ထိုးကတည်းကလုံးဝစိတ်လှုပ်ရှားစရာဖြစ်လာခဲ့တဲ့ ဖာနန်ဒက် ဟာ ကွင်းလယ်မှာ အရေးပါမှုက ယူနိုက်တတ်အသင်းအတွက် ရမှတ်တွေ အပြည့်ဝ ယူဆောင်ပေးနေတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားပေးခဲ့တဲ့ ၃၅ ပွဲမှာ သွင်းဂိုး ၃၄ ဂိုးနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်နေခဲ့တယ်လို့မှတ်တမ်းတွေက ဖော်ပြနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ စပို့တင်းလစ္စဘွန်းကနေ ရောက်လာခဲ့တဲ့ ဘရူနိုဟာ ယူနိုက်တက်အသင်းအတွက် သွင်းဂိုး ၂၁ ဂိုးနဲ့ ဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်း ဆုံးကွင်းလယ်ကစားသမား အဖြစ် ရပ်တည်လျက်ရှိနေတဲ့ကစားသမား လေးယောက်ရှိပါတယ်။

မန်ချက်စတာယူနိုက်တတ်မှ ကွင်းလယ် ကစားသမာဖြစ်တဲ့ ဖာနန်ဒက်၊ မန်စီးတီးအသင်းမှ ဒီဘရူနီ၊ အဲဗာတန် အသင်းမှ ရိုဒရီဂွတ်၊ ဗီလာအသင်းမှ ဂရေးလစ် တို့ ပဲ ဖြစ်ပါတယ်။

ဘောလုံးပွဲ တစ်ပွဲမှာ အနိုင်အရှုံး ရလဒ်အပြောင်း အလဲ ပေးနိုင်တဲ့ ကွင်းလယ် ဖန်တီးမှုက အသက် ဝင်လှပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







PHOTOS CREDIT TO OWNERS
SPORTS GABER