Local News

ဆေးရုံလာပြရင်း ကိုယ်ဝန်ရင့်မာနေပြီဖြစ်တဲ့ဇနီးသည်လေးအတွက် ထိုင်ခုံလေးဖြစ်ပေးခဲ့တဲ့ ခင်ပွန်း

လိုအပ်တာထပ်ပိုတဲ့ဂရုစိုက်မှုမျိုးတွေပေးသင့်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံကစုံတွဲတစ်တွဲဟာ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးဖို့ ဆေးရုံသို့လာပြရင်း အလှည့်ကျတန်းစီစောင့်နေခဲ့ရတာပါ ။

ကိုယ်ဝန်ဆောင်ဇနီးသည်မှာ ရပ်စောင့်နေရင်း အတော်လေးပင်ပန်းလာပြီးနောက် သူမရဲ့ခြေထောက်တွေဟာ မလှုပ်ရှားနိုင်တော့လောက်အောင်ထုံထိုင်းလာပါတော့တယ် ။.

ဇနီးသည်ရဲ့အဖြစ်ကိုမြင်ပြီး ခင်ပွန်းဖြစ်သူက သူ့ရဲ့ပုခုံးပေါ်မှာဇနီးဖြစ်သူထိုင်ဖို့ အဆင်ပြေအောင် ကြမ်းပြင်ပေါ်ထိုင်ချပြီး ဇနီးသည်အတွက်ထိုင်ခုံလေးဖြစ်ပေးခဲ့ပါတော့တယ် ။

အဆိုပါအဖြစ်အပျက်လေးဟာ တရုတ် social media ပေါ်မှာအတော်လေးပျံ့နှံ့သွားခဲ့ပါတော့တယ် ။ အဆိုပါစုံတွဲဟာ မည်သူမည်ဝါဖြစ်မှန်း အတိအကျမသိရပေမဲ့ ဆေးရုံရဲ့ CCTV မှတ်တမ်းကနေ အဖြစ်အပျက်လေးကိုရိုက်ယူထားနိုင်ခဲ့တာပါ ။

ခင်ပွန်းဖြစ်သူရဲ့ ဇနီးအပေါ်အချစ်စစ်နဲ့သိတတ်နားလည်ဖေးမပေးတဲ့ အပြုအမှုကို social media အသုံးပြုသူများက ချီးကျူ းခဲ့ကြပြီး ၊ ဆေးရုံရှိ အခြားသောသူများကတော့ ကိုယ်ဝန်ဆောင်မိခင်အတွက်ထိုင်ခုံကနေမထဘဲ နေရာမပေးခဲ့ကြလို့ ဝေဖန်ခြင်းမျိုးခံခဲ့ရပါတယ် ။

မည်သို့ပင်ဖြစ်စေကာမှု မချမ်းသာရင်နေပါ ဇနီးဖြစ်သူလိုအပ်နေချိန်ဖေးမကူညီဖို့အသင့်ရှိတဲ့ခင်ပွန်းမျိုးကိုတော့ မိန်းကလေးတိုင်းကလိုချင်တောင်းတမိကြမှာပါ ။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့‌လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။မူရင်းcrd