Sports

​ဗြိတိန်ဘုရင်မကြီးရဲ့ MBE ဘွဲ့ကိုပါ ချီးမြှင့်ခြင်းခံထားခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တတ် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တတ် နဲ့အတူ မြက်ခင်းပေါ်မှာ လှပတဲ့ စွမ်းရည်တွေနဲ့ သွင်းဂိုးတွေရယူနေတဲ့ပြင် အပြင်လောကအတွက်လည်း ကောင်းမွန်တဲ့ စိတ်ထားတွေထားကာ ပရဟိတ တွေလုပ်ဆောင်နေတဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။

အခုလို ကိုဗစ်ကာလ ​နဲ့ ရင်ဆိုင်နေရတဲ့အခြေအနေမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်တစ်ယောက် ကောင်းမွန် ထက်မြက်တဲ့ စိတ်ထားတွေနဲ့ ဗြိတိန် က နွမ်းပါး ချို့တဲ့တဲ့ ကလေးငယ်တွေ ကို အစားအသောက်တွေ ထောက်ပံ့ပေးခဲ့ပါတယ်ရက်ဖိုဒ့် ဟာ Macmillan Children’s Books ( MCB ) ကို ထူထောင် ခဲ့ပြီး ကလေးငယ်တွေ ကို စာအုပ်တွေ နဲ့ ထိတွေ့ နိုင်စေဖို့ အတွက် လုပ်ဆောင်ခဲ့ပါတယ်။

ကလေးငယ်တွေကို အစားအသောက်တွေ ထောက်ပံ့ပေးမှုနဲ့ မာကယ်စ် ရက်ရှ်ဖို့ဒ် ချီးကျူးခံခဲ့ပြီး ဗြိတိန်ဘုရင်မကြီးရဲ့ MBE ဘွဲ့ကိုပါ ချီးမြှင့်ခြင်းခံထားခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ ဘောလုံးလောကရဲ့ ထိပ်တန်းလူမည်းပုဂ္ဂိုလ်များစာရင်းဖြစ်တဲ့ Football Black List မှာ ထည့်သွင်းခံခဲ့ရပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode




PHOTOS CREDIT TO OWNERS
SPORTS GABER