Sports

တခြားကိစ္စတေထက် ယူနိုက်တက်အသင်း အနိုင်ရရှိဖို့သာ အရေးကြီးတယ်‌ဆိုတဲ့ နည်းပြဆိုးရှားလ်

ယူနိုက်တက်ဟာဆိုလျှင် ဇန်နဝါရီလအပြောင်းအရွှေ့မှာ အသင်းနဲ့နှုတ်ဆက်ရတော့မယ့် ကစားသမားတေ ကို သတင်းတေအရ ကြားသိရပါတယ်။ ထိုအခြေ အနေကိုမေးမြန်းရာမှာ ဆိုးရှားလ်ကတော့ ယခုအချိန်အရေးကြီးတဲ့ ပွဲစဉ်တေသာ အတွေးထဲမှာရှိတဲ့‌ အကြောင်းကိုသာ ပြောကြားခဲ့ပါတယ်။

ဆိုးရှားက ဇန်နဝါရီလ အပြောင်းအရွေ့တွေအပေါ် သူ့ရယ့်သဘောထားကို အခုလိုဘဲပြောကြားခဲ့ပါတယ်။ “ကဲ လာပါပြီဗျာ အပြောင်းအရွှေ့မေးခွန်းတွေ။ ပီအက်စ်ဂျီလိုအသင်းမျိုးနဲ့ချန်ပီယံလိဂ်ကန်ရမယ့်အရေး တကြီးအချိန်မျိုးမှာ ကျနော်တို့က အပြောင်းအရွှေ့စျေးကွက်အကြောင်းပြောနေကြတယ်တဲ့”
ဆိုးရှားလ်ဦးဆောင်တဲ့ယူနိုက်တက်အသင်း ဟာ အပြောင်းအရွေးတွေထက် ယှဉ်ပြိုင်ရမယ့်ပွဲစဉ်တေသာ အဓိကထား ပြိုင်ကြမှာပါ။

လာမယ့် ဗုဒ္ဓဟူးည ကြာသာပတေးနေ့ မနက်မှာဆိုလျှင် psgအသင်းကို အိမ်ကွင်းမှာ ချန်ပီရံလိဒ်ပွဲစဥ် လက်ခံ ယှဉ်ပြိုင်ရမှာဘဲဖြစ်ပါတယ်။ ပထမအကြော့မှာတော့ ယူနိုက်တက်အသင်းဟာ ဘရူနို ရက်ဖို့ဒ်တို့ရယ့် သွင်းဂိုးတေနဲ့ psgလို အသင်းကြီးကို အနိုင်ရလဒ်ဖြင့် ချိုးနိမ်ခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးပွဲစဉ်မှာဆိုလျှင် ပရီးမီးယားလိဒ်ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းကို အံ့ဩစရာ epic comebackတေဖြင့် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ထိုပွဲစဉ်မှာ ပထမပိုင်း အနေနဲ့ နှစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့သောလည်း ဒုတိယပိုင်းမှာ ဘရူနို ကာဗာနီတို့ရယ့် သွင်းဂိုးတေနဲ့ ပြန်လည်ခြေပ အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။

လာမည့် ချန်ပီရံလိဒ်ပွဲစဉ်မှာ ပြင်သစ်ကလပ် psgအသင်းကို ဘယ်လို ယှဉ်ပြိုင်အနိုင်ယူမလဲဆိုတာ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER