Local News

တစ်သက်မှာတစ်ခါဆိုပေမယ့်လဲ အကုန်ကျသက်သာအောင် စက်ဘီးစီးပြီး မင်္ဂလာဆောင်ခဲ့တဲ့စုံတွဲ

 

တစ်သက်မှာ တစ်ခါလုပ်တဲ့ ကိုယ်ချစ်တဲ့သူနဲ့ မင်္ဂလာဆောင်အခမ်းအနားကို ဘယ်သူမဆို ခမ်းခမ်းနားနားကြီးကြီးကျယ်ကျယ်လုပ်ချင်ကြမှာပါ။ နှစ်ပေါင်းများစွာမင်္ဂလာဆောင်တာကို အမျိုးမျိုးပြုလုပ်ခဲ့တာ တွေ့မြင်ဖူးကြမှာပါနော်။ရိုးရာအတိုင်း မင်္ဂလာဆောင်ကြသလို မိမိတို့ရဲ့ စိတ်ကူးအတွေးအတိုင်း ဆောင်ကြတာမျိုး စတဲ့ မတူညီတဲ့

စိတ်ကူးစိတ်သန်းတွေနဲ့အမျိုးမျိုးအဖုံဖုံ ကျင်ပတဲ့ထဲမှာ အခု အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ မင်္ဂလာဆောင်ပွဲကတော့ ကျွန်တော်တို့ မြင်တဲ့အတိုင်းပါပဲစက်ဘီးစီးပြီးဆောင်ကြတာဖြစ်ပါတယ်နော်။

ယခုအချိန်ဟာ ရာသီဥတုမမှန်တာတွေသဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နေတာ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းတာကြောင့်ပါ။ ကားတွေ ဆိုင်ကယ်တွေက ထုတ်လွှတ်လိုက်တဲ့ ဓာတ်ငွေ့ဟာ လေထုထဲမှာညစ်ညမ်းပြီးတော့ သဘာဝပန်ဝန်းကျင်ကို

ထိခိုက်စေနိုင်တာကြောင့် သတို့သားနဲ့ သတို့သမီးက နှစ်ဦးသားတိုင်ပင်ပြီးတော့ သူတို့ရဲ့ မင်္ဂလာဆောင်ရိုးရာအခမ်းအနားကို စက်ဘီးစီးပြီး တော့ တက်ရောက်ခဲ့ကြတာပါ။မင်္ဂလာဆောင်ကိုတက်ရောက်သူအပေါင်းအပါတွေကလဲ စက်ဘီးတွေနဲ့တက်ရောက်ခဲ့ကြတာကြောင့်ဘဲ ကားလမ်းမတစ်လျှောက်မှာတော့ စက်ဘီးတွေနဲ့ စည်းကားနေပြီး သတိုသမီးဝတ်စုံနဲ့ စက်ဘီးစီးပြီး သွားနေတဲ့မြင်ကွင်းကလည်း

လူအများအတွက်တော့ အဆန်းကြီးဖြစ်နေတာပါ။ မင်္ဂလာဆောင်အခမ်းအနားမှာတော့ သတို့သား သတို့သမီး စုံတွဲဟာအင်တာနက်သုံးစွဲသူတွေ၊ တက်ရောက်လာတဲ့ လူကြီးမင်း မိတ်ဆွေ အားလုံးကို သူတို့ရဲ့ ဆောင်ပုဒ်လေးတစ်ခုလက်ဆောင်အဖြစ်မျှဝေပေးခဲ့တာပါ။ ဒါကတော့ သဘာဝပတ်ဝန်းကျင်ကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ပြီး တန်ဖိုးထားသင့်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်နော်။

မူရင်းပို့စ်crd