Sports

ပွဲကြို သုံးသပ်ချက်

ကျွန်တော်တို့ရယ့် ယူနိုက်တက်အသင်းကတော့ လာမယ့် နိုင်၀င်ဘာ 29ရက်နေ့ ည8နာရီခွဲမှာတော့ ပရီမီးယားလိဒ်ပွဲစဉ်10 ကို ဆောက်သန်တမ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာဘဲ ဖြစ်ပါတယ်။

ယူနိုက်တက်ရယ့်နောက်ဆုံးပွဲစဉ်တကိုကြည့်မယ်ဆိုလျှင် အစ်စတန်ဘူလ်အသင်းကို ပူပူနွေးနွေးကြီးနိုင်ထားတာာဖြစ်ပါတယ်။ ဆောက်သန်တမ်တို့ဟာလည်း ပရီးမီးယားလိဒ်မှာ ပထမဆုံးနှစ်ပွဲသာရှုံးနိမ့်ထားပါတယ်။ ဆောက်သန်တမ်ဟာ ချဲလ်ဆီးနဲ့ ဝုဗ်တို့လို့အသင်းတေကို သရေကန်ထားပြီး ရာသီအစပိုင်းခြေစွာနေတဲ့ အက်စတွန်ဗီလာအသင်းကို 3.4ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူထားတာလည်းဖြစ်ပါတယ်။


အသင်းနှစ်သင်းရယ့် အဆင့်ရပ်တည်မှုကိုကြည့်မယ်ဆိုလျှင် ဆောက်သန်တမ်တို့ဟာ ဇယားထိပ်က စပါးနဲ့ 3မှတ်အကွာ 17မှတ်နဲ့ အဆင့်ငါးမှာရပ်တည်နေပါတယ်။ ယူနိုက်တက်အသင်းကတော့ တစ်ပွဲလျော့အနေအထားမှာ ရမှတ် 13မှတ်ဖြင့် အဆင့်10မှာရောက်ရှိနေပါတယ်။ အဆင့်ကွာခြားချက်အရကြည့်မယ်ဆိုလျှင် ဆောက်သန်တမ်ဟာအထက်မှာရှိပေမယ့် နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာတော့ ယူနိုက်တက်တို့ အသာရထားတာပါတယ်။

ယူနိုက်တက်တို့ရယ့် လူအနေအထားကြည့်မယ်ဆိုလျှင် လုခ်ရှောတစ်ယောက်သာ မပါ၀င်နိုင်သေးတဲ့အခြေအနေဖြစ်ပါတယ်။ ကျန်ကစားသမားတေကတော့ ပါ၀င်နိုင်ဖို့ အသင့်အနေအထားမှာရောက်ရှိနေပါတယ်။

ယူနိုက်တက်ဟာ ဘရူနို၊ ဗန်ဒီဘစ်‌နှင့် ဖရတ်တို့ဟာ ကွင်းလယ်မှာ အကောင်းဆုံးအနေအထားမှာရောက်ရှိနေပါတယ်။ တဲလက်စ်ဟာလည်း သူပါ၀င်တဲ့ကစားပွဲနှစ်ပွဲလုံးမှာ ခြေစွမ်းပြထားပါတယ်။ တိုက်စစ်မှာတော့ ကာဗာနီ၊ရက်ဖို့၊မာရှယ်၊ဂရင်းဝုဒ်၊မာတာနှင့် ဒန်နီရယ်ဂျိန်းတို့ရှိနေပြီး ဆိုးရှား ဘယ်လိုပွဲထွက်လာမယ်ဆိုတာကတော့ စိတ်၀င်းစားစရာပါ။

တစ်ဖက်က ဆောက်သန်တမ်မှာလည်း ပွဲထွက်လူစာရင်းမှာ အပြည့်အစုံရှိနေပြီး ချီအဒမ်း ဦးဆောင်တဲ့တိုက်စစ်ကလည်းကောင်းမွန်နေပါတယ်။

ထို့ကြောင် လာမည့် ပွဲစဉ်ကတော့ အနိုင်သုံးမှတ်အတွက် ယူနိုက်တက်တို့ ရေကုန်ရေခမ်း ကစားသွားအုံးမယ့် ပွဲကောင်းတစ်ပွဲဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode









TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER