Sports

မာတာအထွက်မှာ ကတ်ဟာနိုဂလူးရောက်လာဖွယ်ရှိ

အီတလီ စီးရီးအေ အသင်း အသင်းတစ်သင်း ဖြစ်တဲ့ အေစီမီလန် အသင်းရဲ့ တူရကီကြယ်ပွင့် ကွင်းလယ် ကစားသမား ကတ်ဟာနိုဂလူးရဲ့ အေးဂျင့်ဖြစ်သူ စတီပစ်က သူ့ရဲ့ ကစားသမား ဖြစ်သူ ကတ်ဟာနိုဂလူး ကို ခေါ်ယူနိုင်ကြောင်း ပရီးမီးယားလိဂ် အင်အားကြီး ယူနိုက်တက် အသင်းထံ ကမ်းလှမ်းမှု ပြုလုပ် ထားကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့တာ တွေ့ရပါတယ် ။

အသက် 26 နှစ် အရွယ် တူရကီကြယ်ပွင့် ကွင်းလယ် ကစားသမား ကတ်ဟာနိုဂလူးသည် လေဗာကူဆင်အသင်း ကနေ အေစီမီလန် အသင်းထံ ပြောင်းရွှေ့လာအပြီးမှာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ပေမယ့် လာမယ့် ၂၀၂၁ ခုနှစ် ဇွန်လအကုန်မှာ အသင်းနဲ့ စာချုပ် ကုန်ဆုံးတော့မယ့် ကစားသမားပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အေစီမီလန် အသင်းဟာ ကတ်ဟာနိုဂလူးကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေကြောင်း အတည်ပြု ထားပေမယ့် ကတ်ဟာနိုဂလူးရဲ့ အေးဂျင့်ဖြစ်သူ စတီပစ်ရဲ့ ပြောကြားချက် ကတော့ အေစီမီလန် အသင်းက ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းမှုဟာ အလွန်ကို နည်းပါးနေပြီး သူတို့တောင်းဆိုတဲ့‌ တောင်းဆိုမှုကိုသာ မပေးပါက ကတ်ဟာနိုဂလူးဟာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာ သွားမှာဖြစ်ကြောင်း သိရပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ အေစီမီလန် အသင်းသည် ကတ်ဟာနိုဂလူးကို တစ်နှစ်လုပ်ခ 3 သန်းနဲ့ 4 သန်းကြား ပမာဏနဲ့သာ ကမ်းလှမ်းထားကြောင်း သိရပြီး ကတ်ဟာနိုဂလူး ကတော့ တစ်နှစ်လုပ်ခ 7သန်းအထိ အလိုရှိနေတာ တွေ့ရပါတယ် ။

မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ ယူနိုက်တက် အသင်းသည် စတီပစ်နဲ့ ဖုန်းဆက်သွယ်မှုတွေ ရှိနေပြီး စတီပစ်ဟာ ကတ်ဟာနိုဂလူးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်ပါက ခေါ်ယူနိုင်တဲ့ အကြောင်းကို ပြောဆို ထားတယ် လို့ သိရပါတယ်။

ယူနိုက်တတ်အနေနဲ့ မာတာကို ဆောင်းရာသီ စျေးကွက်မှာ ရောင်းထုတ်ပြီး ကတ်ဟာနိုဂလူးကို အစားထိုးဖို့ ခေါ်ယူမှာဖြစ်ပါတယ်။ကရက်ဒစ်

PHOTOS CREDIT TO OWNERS
SPORTS GABER