Local News

မိတ်ကပ်ဆရာအရွေးမှားသွားခဲ့လို့ လက်ထပ်ပွဲနေ့မှာ စိတ်အလိုမကျကာ ပုံပျက်ပန်းပျက်ဖြစ်နေခဲ့ရတဲ့ စုံတွဲ

အမျိုးသမီးတွေတော်တော်များများဟာ လှပပြီးအိမ်မက်ဆန်တဲ့နတ်သမီးပုံပြင်လေးတစ်ပုဒ်လို မင်္ဂဆောင်ချင်ကြတာကြောင့် အဲ့လိုအထူးနေ့မှာ လှလှပပလေးဖြစ်နေဖို့အတွက် ပိုက်ဆံအမြောက်အများအကုန်ကျခံတတ်ကြပါတယ်။

ထိမ်းမြားလက်ထပ်ခြင်းဟာ ကြီးမားတဲ့ကတိကဝတ်တစ်ခုဖြစ်ပြီး တစ်ဘဝလုံးစာအတွက် တန်ဖိုးထားရမယ့် အမှတ်တရတစ်ခုလည်းမမှားပါဘူး။ဒါပေမဲ့ ထိုင်းနိုင်ငံက Darika Klinkuhlabအမည်ရှိတဲ့ဒီသတို့သမီးမှာတော့မျှော်လင့်ထားသလိုဖြစ်မလာတော့ သူမရဲ့မင်္ဂလာဆောင်ပွဲမှာ အတော်လေး စိတ်အလိုမကျဖြစ်ခဲ့ပါတယ်။

Darika Klinkuhlabဟာ သွားဖို့နည်းနည်းဝေးနေတဲ့ သူမပုံမှန်ပြင်နေကျ့ အလှပြင်ဆိုင်ကို မသွားဘဲ မကြာသေးမီကသူမအိမ်အနီးမှာ ဖွင့်ခဲ့တဲ့အလှပြင်ဆိုင်ရဲ့အလှပြင်ပေးဖို့ကမ်းလှမ်းချက်ကို လက်ခံရွေးချယ်ခဲ့တာပါ။သူမရဲ့အထူးနေ့ကြီးမှာ အဆိုပါဆိုင်ကို နေ့လည်မွန်းတည့်ချိန်လောက် သွားခဲ့ပြီး မိတ်ကပ်လိမ်းစဖို့ ၃နာရီလောက် စောင့်နေခဲ့ရပါတယ်။

ပိုဆိုးတာက ရလဒ်က ဆိုးရွားနေပြီး မင်္ဂလာဆောင်ပွဲကို ညနေ ၄နာရီမှာစီစဉ်ထားတဲ့အတွက် သူမရဲ့မိတ်ကပ်ကို ပြန်ပြင်ဖို့ အချိန်မရတော့တာပါဘဲ။သူမဟာ မိတ်ကပ်ရလဒ်ကို စိတ်ပျက်နေပေမဲ့လည်း သူမရဲ့မင်္ဂလာဆောင်အခမ်းအနားကို စိတ်အလိုမကျစွာနဲ့ဘဲဖြတ်သန်းခဲ့လိုက်ရပါတယ်။အဲဒီနောက် Facebook ပေါ်က အမျိုးသမီးတွေကို သူမလိုအဖြစ်မျိုး မဖြစ်ရအောင် မိတ်ကပ်ဆရာကို သေချာရွေးချယ်သင့်ကြောင်း မျှဝေပြောပြခဲ့ပါတော့တယ်။

အဆိုပါစုံတွဲဟာ ဘယ်လောက်ဘဲကြည့်ရဆိုးနေပါစေ သူတို့ပွဲကိုတော့ ဆက်လက်ကျင်းပခဲ့ကြရပါတယ်။အမှန်တော့ မင်္ဂလာဆောင်စုံတွဲက ကြည့်ကောင်းနေရပြီး အထူးသဖြင့် သတို့သမီးကမင်္ဂလာပွဲအတွင်း ရင်သပ်ရှုမောရလောက်တဲ့အထိ ဖြာထွက်လှပနေရမှာပါ။Darika Klinkuhlabကတော့ အဲ့လိုဖြစ်မနေခဲ့ပါဘူး။သူမရဲ့Facebook ပိုစ့် ပျံ့နှံ့သွားပြီးနောက် ဘန်ကောက်မြို့အခြေစိုက် Park Eun Youngအမည်ရှိတဲ့ပရောဖက်ရှင်နယ်ဓာတ်ပုံဆရာတစ်ဦးက ပုံတွေကိုမြင်သွားခဲ့ပြီး

သူမအဖွဲ့နဲ့မင်္ဂဆောင်ဓာတ်ပုံနောက်တစ်ခေါက်ပြန်ရိုက်ဖို့ Darika Klinkuhlabကို ဆယ်သွယ်ကမ်းလှမ်းခဲ့ပါတော့တယ်။Darika Klinkuhlabက သူမနေတဲ့ Chai Nat မြို့နဲ့ ဘန်ကောက်ကအတော်လေးဝေးနေတာကြောင့် အဆိုပါကမ်းလှမ်းချက်ကိုငြင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ Darika Klinkuhlabဘဝမှာ အံ့အားသင့်စရာအဖြစ်အပျက်တစ်ခုအလား အဆိုပါ ဓာတ်ပုံဆရာParkနဲ့သူမအဖွဲ့ဝင်တွေက Chai Natမြို့ကို ရောက်ချလာခဲ့ပါတယ်။

ဒီတော့ Darika Klinkuhlabလည်း ကြော့ရှင်းတဲ့ဝတ်စုံ၊ပိုကောင်းတဲ့ဆံပင်အလှ၊မိတ်ကပ်ပညာရှင်တွေနဲ့ သူမရဲ့မင်္ဂဆောင်ဓာတ်ပုံတွေကို ပြန်လည်ရိုက်ကူးနိုင်ခဲ့ပါတယ်။ဒီတစ်ခေါက်တော့ ဓာတ်ပုံဆရာParkရဲ့လက်စွမ်းကြောင့် ရလဒ်က အတော်လေးကွာခြားနေပြီး သူမရဲ့သဘာဝအလှလေးကို ပိုထင်ထင်ရှားရှားပေါ်လွင်သွားစေခဲ့ပါတယ်။

ဒါ့ကြောင့် ဘဝရဲ့အလှပဆုံးအခိုက်အတန့်တစ်ခုဖြစ်တဲ့ ကိုယ့်ရဲ့မင်္ဂလာဆောင်ပွဲမှာ အလှပြင်ဆိုင်နဲ့ မိတ်ကပ်ဆရာကို အရွေးမမှားစေဖို့ သေချာစုံးစမ်းမေးမြန်းကြပါလို့ ပြောခဲ့ချင်ပါတယ်။

 

Mia (Mckzone Daily)