Sports

အဝေးကွင်းဝတ်စုံအပါအဝင် ယူနိုက်တတ်သတင်းတိုများ

လာမည့်ရာသီယူနိုက်တက်၏အဝေးကွင်းဝတ်စုံမှာ မီးခိုးဖြူရောင်ဖြစ်ပြီး အသင်းတံဆိပ် Adidas logo အမှတ်အသားများနှင့် ဘောင်းဘီအရောင်ကို glory blue အရောင်အသုံးပြုသွားမည်ဖြစ်သည်။ ပရိသတ်များတော့ အောက်ပါဒီဇိုင်းပုံစံတူ အလိုရှိသည်ဟု သိရသည်။

ပေါလ်ပေါ့ဘာသည် သူ့ရဲ့ ခြေကျင်းဝတ်ဒဏ်ရာဟောင်း ပြန်ပေါ်လာသော်လည်း ပါဝင်ကစားနိုင်ဖို့မန်ချက်စတာယူနိုက်တက်က မျှော်လင့်နေသည်။ယူနိုက်တက်သည် ဇန်နဝါရီလက ခွဲစိတ်ကုသမှုရလဒ်အရ သတိထားကစားရန် သတိပေးထားခဲ့သည်။ လာမည့် တနင်္ဂနွေနေ့ ဆောက်သမ်တန်နှင့်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ရန် မသေချာဖြစ်နေသည်။

တနင်္ဂနွေ နေ့ညတွင် ကစားမည့် ဆောက်သမ်တမ် – ယူနိုက်တက် ပွဲစဉ်ကို ဒိုင်လူကြီးအဖြစ် Jonathan Moss က ကိုင်တွယ်မည်ဖြစ်ကြောင်းသိရပါတယ်

မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ ယူနိုက်တက် အသင်းသည် စတီပစ်နဲ့ ဖုန်းဆက်သွယ်မှုတွေ ရှိနေပြီး စတီပစ်ဟာ ကတ်ဟာနိုဂလူးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်ပါက ခေါ်ယူနိုင်တဲ့ အကြောင်းကို ပြောဆို ထားတယ် လို့ သိရပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





PHOTOS CREDIT TO OWNERS
SPORTS GABER