Sports

ယူနိုက်တက်တို့ရယ့် ပစ်မှတ်ဖြစ်လာတဲ့ ဂျာမန်မြေက ဒေါ့မွန်ကစားသမား ဇာဂါဒူ

ယူနိုက်တက်တို့အသင်းဟာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းရဲ့လူငယ်နောက်ခံကစားသမား နောက်ခဲလူ ဒန်အစ်ဇဲလ် ဇာဂါဒူကိုစိတ်၀င်စားနေတယ်လို့ ကောလာဟလ ထွက်ပေါ်လာခဲ့ပါတယ်။

ယူ21 ပြင်သစ်လက်ရွေးစင် ကစားသမား တစ်ဦးလည်းဖြစ်တဲ့ ဇာဂါဒူဟာ PSGအသင်းမှာ ငါးနှစ်ကစား ခဲ့ပြီး 2017 ခုနှစ်မှာ ဒေါ့မွန်အသင်း သို့ရောက်ရှိလာခဲ့ပါတယ်။

အသက်21နှစ်အရွယ် ဇာဂါဒူဟာ ဒေါမွန်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ပွဲပေါင်း60 ကစားထားပြီး သွင်းဂိုး 4ဂိုး ရယူထားသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ မက်ဂွိုင်းယားနဲ့အတူ တွဲဖက်ကစားစေဖို့ ချိန်ရွယ်နေတာဖြစ်ပါတယ်။ဇာဂါဒူဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်ကုန်ဆုံးဖို့ တစ်နှစ်​လောက် လိုနေသေးပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER