Sports

တိုက်စစ်မှူးကြီး သုံးသပ် ခန့်မှန်းလိုက်တဲ့ ရလဒ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ တနင်္ဂနွေနေ့ညမှာ ယှဥ်ပြိုင်ကစားမယ့် ဆောက်သမ်တန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီယားလိဂ်ပွဲစဥ်အတွက် ခန့်မှန်းမှု ပြုလုပ်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ပွဲစဥ် ၁၀ အဖြစ် ဆောက်သမ်တန်အသင်းကို ယင်းတိုရဲ့ အိမ်ကွင်း စိန့်မေရီမှာ သွားရောက်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တည်ငြိမ်ဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး ၈ ပွဲကစားထားအပြီးမှာ ၄ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲအရှုံးဆိုတဲ့ မှတ်တမ်းကိုသာ ရရှိထားပါတယ်။

ဆောက်သမ်တန်အသင်းကတော့ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် ၇ ပွဲလုံး ၁ ပွဲမှ ရှုံးနိမ့်ခြင်းမရှိသေးဘဲ ခြေစွမ်းကောင်းတွေပြသထားကာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

ယခုလအစောပိုင်းက နယူးကာဆယ်အသင်းနဲ့ ကစားအပြီးမှာလည်း စိန့်သူတော်စင်တို့ဟာ အမှတ်ပေးဇယားရဲ့ ပထမနေရာမှာ ခဏတာရပ်တည်လိုက်ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအနေနဲ့ အဆင့် ၁ နေရာကို တက်လှမ်းထားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းကို ရင်ဆိုင်ဖို့ ခက်ခဲနိုင်ပေမယ့် ယူနိုက်တက်အသင်းကသာ အနိုင်သုံးမှတ် ရသွားနိုင်ကြောင်းကို ဘာဘာတော့ဗ်က-
“ယူနိုက်တက်အသင်းအတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာနိုင်ပေမယ့်စိန့်တွေက တစ်ကယ်ကို ကောင်းကောင်းကစားပြနေသလို သူတို့ရဲ့ အောင်မြင်မှုကိုလည်း အာရုံစိုက်မိနေကြတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းကပဲ အရေးကြီးတဲ့ အနိုင်သုံးမှတ်ပဲရသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။”
ဆိုပြီးပြောဆိုခဲ့ပါတယ်။

ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းချက် –
ဆောက်သမ်တန် ၁-၂ မန်ချက်စတာယူနိုက်တက်

Crd-Forever GGMU

Unicode








Crd-Forever GGMU