Local News

ကော့သောင်းကမ်းနား ရေပြင်တွင် တခါမှ မပေါ်ဖူးသည့် အရောင်ထွက်ပိုးကောင်လေးများ ထွက်ပေါ်လာ

ကော့သောင်းကမ်းနား ရေပြင်တွင် တခါမှ မပေါ်ဖူးသည့် အရောင်ထွက်ပိုးကောင်လေးများ ထွက်ပေါ်လာ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ ကမ်းနားရေပြင်၌ နိုဝင်ဘာ ၂၂ ရက် တွင် အရောင်ထွက် အယ်ဂျေးများ ပေါ်ထွက်လာမှုကြောင့် ပင်လယ်ရေပြင်အောက်ဆင်း၍ သုတေသနပြုလုပ်မည်ဖြစ်ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

ကော့သောင်းမြို့ ကမ်းနားတစ်လျှောက် အရောင်ထွက် အယ်ဂျေးများကို ပန်းနုရောင်အကွက်ကြီးများအဖြစ် အများအပြား တွေ့ရှိခဲ့ရပြီး နေ့ဘက်တွင် မသိသာသော်လည်း ညဘက်တွင်မူ ၎င်းတို့အားထိတွေ့မိပါက အစိမ်းပြာရောင် (ပိုးစုန်းကြူးအရောင်) သို့ပြောင်းလဲကြောင်း သိရပါတယ်။

“ဒီဟာက အယ်ဂျေးပေါ့ ၊ကော့သောင်းရေပြင်မှာ တစ်ခါမှမဖြစ်ဖူးဘူး။ ဒီဟာလေးတွေက၊ရေနေပိုးပွှား တစ်မျိုးပေါ့၊ သူတို့ကိုမျက်စိနဲ့မမြင်ရဘူး မှန်ဘီလူးနဲ့ကြည့်မှ အကောင်ဆိုတာ မြင်ရတာ ဟိုးရေအောက်ကြမ်းပြင် ရေအနက်ပိုင်းမှာနေကြတာ၊ အပင်မျှော၊ သတ္တဝါမျှောအုပ်စုထဲက၊ရေနေပိုးပွှား တစ်မျိုးပေါ့၊ သူတို့ကိုမျက်စိနဲ့မမြင်ရဘူး မှန်ဘီလူးနဲ့ကြည့်မှ အကောင်ဆိုတာ မြင်ရတာ။

သူ့ကိုနမ်းကြည့်ရင် ညှီစို့စို့အနံ့ရတယ် သူ့ခဲနဲ့ပေါက်ကြည့်တာတို့ လှေတွေသွားတာတို့ဆို စိမ်းပြာရောင်လေးတွေပြောင်းသွားတယ်  ၂၂ရက် တစ်ရက်ပဲပေါ်တာ၊ မနေ့ (နိုဝင်ဘာ ၂၃ရက်) ညက မပေါ်တော့ဘူး။

ဒီမျှောလေးရဲ့သဘောသဘာဝက ရေအောက်ကြမ်းပြင်မှာ တစ်ခုခု ဖြစ်လို့၊ ဓါတ်အပြောင်းအလဲဖြစ်လို့သာ အပေါ်တက်တာ။ အဲ့ဒါကြောင့်ရေအောက်ကြမ်းပြင်ထိငုပ်ပြီး ဘာကြောင့်ဖြစ်လဲ၊ဘာတွေအပြောင်းလဲရှိလဲဆိုတာ စမ်းသပ်စစ်ဆေး သွားဖို့ရှိတယ်”ဟုကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က ပြောပါတယ်။

ယခုဖြစ်စဉ်အပေါ် နေပြည်တော်ရှိ ငါးလုပ်ငန်းဦးစီးဌာနသို့ တင်ပြထားပြီး ကိုဗစ်ကပ်ရောဂါကာလဖြစ်ခြင်းကြောင့် စမ်းသပ်စစ်ဆေးမှုကို ချက်ချင်း လုပ်ဆောင်ရန် မဖြစ်သေးသော်လည်းအခြေအနေတည်ငြိမ်သွားပါက ရေအောက်ဆင်း၍ ပညာရှင်များဖြင့် သုတေသနလုပ်ဆောင်ရန် စီစဉ်နေကြောင်း ဦးသန့်ဇင်ထံမှ သိရသည်။ထိုသို့ အရောင်ထွက် အယ်ဂျေးများ ရေပြင်ပေါ်ထွက်လာသည့် ဖြစ်စဉ်ကြောင့်ပင်လယ်ရေပြင်နှင့် တခြားရေနေသတ္တဝါများ အပေါ် ထိခိုက်မှု မရှိကြောင်း သိရသည်။ကရက်ဒစ်

Unicode





