Sports

ဦးဆိုးလ်ရှားရယ့် အထူး ချီး​မွမ်း ဂုဏ်ပြုခန်း

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာဆိုးလ်ရှားကတော့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ခရစ္စတီယာနိုရော်နယ်ဒိုလိုမျိုး အသင်းအပေါ် သက်ရောက်မှုမျိုးရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စတင်ရောက်လာခဲ့တဲ့အချိန်ကစလို့ စွမ်းဆောင်ရည်ကောင်းတွေပြသထားတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲကစားရာမှာ ၂၁ ဂိုးသွင်းယူပေးထားပြီး ပရိတ်သတ်များကလည်း ကစားသမားဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းပြောဆိုနေကြပါတယ်။

ဖာနန်ဒက်စ်ရဲ့ အရေးပါပုံနဲ့ ပတ်သက်ပြီး ဆိုးလ်ရှားက-
“ဘရူနိုက ရော်နယ်ဒိုတုန်းကလိုမျိုး အသင်းအပေါ် သက်ရောက်မှုရှိတဲ့ ကစားသမားပါ။အသင်းဖော်တွေအပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ သူရောက်လာပြီးမှာ ထွက်ပေါ်ခဲ့တဲ့ ရလဒ်တွေကိုပဲ ကြည်ပါအုံး။ ကြိုးစားအားထုတ်လိုစ်တ်တဲ့ ကစားသမားဖြစ်သလို ခေါင်းဆောင်နိုင်စွမ်းလည်း ပြည့်ဝတယ်။ အသင်းအဖွဲ့စိတ်ဓာတ်လည်းရှိပြီး ကျွန်တော်တို့အသင်း တိုးတက်ဖို့အတွက်လည်း အဓိကကျတဲ့သူတစ်ယောက်ဖြစ်နေပါပြီ။”

“တစ်ခါတစ်လေ ကစားသမားတွေ ဝင်မကစားရဘဲ အရံခုံထိုင်ရတဲ့ ပွဲတွေရှိတယ်။ လိုက်ပ်ဇစ်နဲ့ပွတုန်းက ဘရူနိုကို နားရမယ်လို့ ကျွန်တော်ကြိုမပြောခဲ့ဘူး။ ဒါပေမယ့် သိရတော့လည်း ဘာမှမဖြစ်ဘဲ နားလည်ပေးတယ်။ မားကပ်စ်ရောပေါ့။”

ဘရူနိုဖာနန်ဒက်စ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ သုံးပွဲမှာ ငါးဂိုးသွင်းယူထားပြီး ရှုံးနိမ့်မှုတွေကြောင့် ဝေဖန်ခံနေရတဲ့အသင်းကို ဖိအားဒဏ်တွေကနေ လွတ်မြောက်အောင် ဦးဆောင်
ဆွဲခေါ်ထားသူလည်းဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS
Crd-FOREVERGGMU