Sports

ပေါ့ဘာဟာ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပါတယ်လို့ပြောခဲ့တဲ့ တော်မီနေး

ယူနိုက်တက် ကစားသမားပေါ့ဘာကတော့ သူ့ရယ့် ယူနိုက်တက်အသင်းမှာ ခြေစွမ်းကျဆင်းမှုအပေါ် အသင်းပရိတ်သတ်များနှင့် တခြားသူများရယ့် ဝေဖန်မှုတေ အများအပြားခံနေရတာဖြစ်ပါတယ်။

ထိုသို့ဝေဖန်ခံရမှုများအပေါ် ယူနိုက်ကစားသမားဖြစ်တဲ့ တော်မီနေးကတော့“ပေါ့ဘာဟာ ဂျူဗင်တပ်စ်မှာကစားနေတာကိုကျွန်တော်စောင့်ကြည့်ခဲ့တာတွေမှတ်မိနေပါသေးတယ်။အဲဒီ့အချိန်တုန်းက ကျွန်တော်ကယူနိုက်တက်အရံအသင်းမှာဘဲရှိပါသေးတယ်။ ”ဒီကောင်ကစားနေတဲ့ပုံက မယုံနိုင်လောက်အောင်ပါဘဲကွာ”ဆိုပြီး ကျွန်တော်ဖြစ်နေခဲ့တာပါ။

သူဘယ်လိုကစားသမားမျိုးလဲဆိုတာကို လူတွေကမသိကြသေးဘူးထင်ပါတယ်။ သူ့အပေါ်ဆို အလွယ်လေးအထင်လွဲနေတတ်ကြတုန်းပါ။သူလည်းတခြားကစားသမားတွေလိုပါဘဲဗျာ။ညံ့တဲ့ပွဲလည်း ရှိတဲ့အခါရှိမှာပေါ့။ ပေါလ်ပေါ့ဘာ ဆိုတဲ့လူဖြစ်သွားတဲ့အချက်တစ်ခုတည်းနဲ့ဘဲ လူတွေကပုံကြီးချဲ့ဝေဖန်ကြတော့တာပါဘဲ။

ဒါပေမယ့် သူကောင်းကောင်းကစားနိုင်တဲ့အချိန်တွေမှာတော့ သူကတကယ့်ထိပ်တန်းကစားသမားဆိုတဲ့အချက်ကိုတော့ ဘယ်သူမှငြင်းလို့မရပါဘူး။” လို့ပြောကြားခဲ့ပါတယ်။

အသက်၂၇နှစ်ရှိပြီဖြစ်တဲ့ ပေါ့ဘာဟာ ယူနိုက်တက်နဲ့အတူ ပွဲပေါင်း 175ပွဲကစားထားပြီး 33ဂိုးသွင်းယူထားတာလည်းဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER