Local News

တန်ဆောင်မုန်း လပြည့်နေ့လေးမှာ ချစ်သူကို အလင်းပြလိုက်တဲ့ အေးမြတ်သူ

ပရိသတ်တွေက မမြတ်လေးလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော အေးမြတ်သူ ကတော့ ရယ်လိုက်ရင် ပါးချိုင့် လှလှလေးနဲ့ မြင်သူရင်ကို အေးချမ်း စေတဲ့ အလှပိုင်ရှင်လေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အေးမြတ်သူကတော့ ပြီးခဲ့တဲ့နှစ် အတွင်းက “ခေါက်ထီးလေး မလုံ့တလုံ” ရုပ်ရှင် ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကြီးကို ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုရှင် တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့ အေးမြတ်သူ ကတော့ သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေကို အရင်အတိုင်း ပုံမှန်အတိုင်းသာ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

အသက် (၃၅) နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ အေးမြတ်သူ ကတော့ သူမရဲ့ အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီး ချစ်သူရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောပြထားကာ မကြာခင်နှစ်ပိုင်း အတွင်းမှာလည်း ရွှေလက်တွဲလက်ထပ်တော့မှာဖြစ်ကြောင်းကို အသိပေးထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အေးမြတ်သူက သူမရဲ့ ဘဝလက်တွဲ ဖော်ချစ်သူကို တိတိကျကျ အလင်းပြလိုက်ပြီဖြစ်ပြီး (၇) ရက်သားသမီး ပရိသတ်တွေကို တန်ဆောင်မုန်းလပြည့်နေ့မှာ စိတ်အေးချမ်းသာ စွာ ကုသိုလ်ပြုနိုင်ဖို့ ဆုတောင်း ပေးထားပါတယ်။

အေးမြတ်သူ ကတော့ မင်္ဂလာရှိတဲ့ တန်ဆောင်မုန်း လပြည့်နေလေးမှာ ချစ်သူကို အလင်းပြခဲ့ပြီပဲ ဖြစ်ပါတယ်။ အေးမြတ်သူတို့ ချစ်သူ နှစ်ယောက် အမြန်ဆုံး ရွှေလက်တွဲနိုင် ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections