Sports

လှပတဲ့ ခြေပဂိုးတေနဲ့အတူ အနိုင်သုံးမှတ် ထိုက်ထိုက်တန်တန်ရယူခဲ့တဲ့ ယူနိုက်တက်

ယနေ့ ဆောက်သန်တမ် အိမ်ကွင်းမှာတော့ ဧည်သည်ယူနိုက်တက် အသင်းဟာ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်ဖြင့် အံ့ဩစရာကောင်းလောက်အောင် ခြေပဂိုးများနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ယူနိုက်တက်တို့အနေနဲ့ ရှေ့တန်းမှာ ရက်ဖို့ဒ် ဂရင်းဝုဒ်အလယ်တန်းမှာ ဘရူနို ဗန်ဒီဘစ် ဖရတ် မာတစ် နောက်တန်းမှာတော့ တဲလက်စ် မက်ဂွှိုင်းယား လင်ဒီလော့ဒ် ဘစ်ဆာကာ ဂိုးသမားအနေနဲ့ ဒီဂီယာတို့နှင့် ပွဲထွက်လာခဲ့ပါတယ်။

ပထမပိုင်း 23မိနစ်မှာ ဆောက်သန်တမ်တို့အနေနဲ့ ဘတ်နတ် က ပထမဂိုးစတင်သွင်းယူခဲ့ပါတယ်။ ယူနိုက်တက်တို့အနေနဲ့ အခွင့်အရေးများစွာ ရယူခဲ့ပြီး အဆုံးသတ်ပိုင်း အားနည်းခဲ့တာကိုလည်းတွေ့ရပါတယ်။ 33မိနစ်အရောက်မှာ ဆောက်သန်တမ်တို့ ပြစ်ဒဏ်ဘောရရှိခဲ့ပြီး ဂျိမ်း ရယ့် လှပတဲ့ ဖရီးကစ်နဲ့အတူ ဒုတိယဂိုး ရရှိခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ယူနိုက်တက်တို့ ယုံကြည်မှုပျောက်ဆုံးခဲ့ရတာ တွေ့ရပါတယ်။ ဒုတိယ ပိုင်းအစမှာတော့ ဆိုးရှားအနေနဲ့ ယုံကြည်မှု‌ ပျောက်ဆုံးနေတဲ့ ဂိုးသမား ဒီဂီယာအစား ဟန်ဒါဆန် ကို လူစားလှဲစေခဲ့ပါတယ်။ အဆုံးသတ်ပိုင်း အားနည်းနေတဲ့ ဂရင်းဝုဒ်အစား ကာဗာနီ ၀င်ရောက်လာခဲ့ပါတယ်။

ဒုတိယပိုင်း အစမှာဘဲ ယူနိုက်တက်တို့ ချိတ်ဆက် အားကောင်းလာပြီး လူစား၀င်ကစားသမား ကာဗာနီရယ့် ဖန်တီးမှူးနဲ့ ဘရူနိုက ပထမခြေပဂိုးကို 59မိနစ်မှာသွင်းယူခဲ့ပါတယ်။ ယူနိုက်တက်တို့ ဆက်လက်ဖိအားပေးခဲ့ပြီး မိနစ်70အကြော်မှာတော့ ဒေါင့်ကန်ဘောကနေပြန်ကျလာတဲ့ ဘောလုံးကို  ဘရူနို ထံပေးပိုးခဲ့ပါတယ်။

ဘရူနို ကန်သွင်းချက်ကနေ ကာဗာနီရယ့် သေသပ့်တဲ့ ခေါင်းတိုက်ဘောကနေ ဒုတိယ ခြေပဂိုးရရှိခဲ့ပါတယ်။ 85မိနစ်မှာတော့ တဲလက်စ် ဒဏ်ရာရရှိတာကြောင့် ဝီလီယျံ ၀င်ရောက်ခဲ့ပါတယ်။

ပွဲချိန် မိနစ်90ပြည့်လို့ နာကျင်အချိန်ပိုမှာတော့ ရက်ဖို့ဒ်ရယ့် လှပတဲ့ ဂိုးဖန်တီးမှုကနေ ကာဗာနီက အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ထိုအနိုင်ရလဒ်ကနေ ယူနိုက်တက် တို့အနိုင်သုံးမှတ်ရယူခဲ့ပြီး တစ်ပွဲလျော့အနေအထားနဲ့ အဆင့်7မှာ ရောက်ရှိခဲ့ပြီဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER