Sports

ကာဗာနီကို ချီးမွန်းခန်းဖွင့်ခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယား

ယူနိုက်တက်ကတော့ ဆောက်သန်တမ်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး သုံးဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကာဗာနီ ဘရူနို သွင်းဂိုးတေနဲ့အတူ ယူနိုက်တက်တို့အနိုင်ရယူခဲ့တာဖြစ်ပါတယ်။ပွဲအပြီးမှာ မက်ဂွိုင်းယားကတော့”ကျွန်တော်တို့အခွင့်အရေးအကြိမ်ပေါင်းများစွာကိုဖန်တီးနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ တကယ့်ကိုဆိုးလွန်းတဲ့ ဂိုး(၂)ဂိုးကိုခွင့်ပြုပေးခဲ့ရပါတယ်။

ကျွန်တော်တို့ရှေ့ဆက်သွားရမယ်ဆိုတာကို သိခဲ့တယ် ဒါ​့ကြောင့် ကျွန်တော်တို့ယုံကြည်မှုရှိစွာနဲ့ကစားခဲ့ပါတယ်။ ကာဗာနီက ဂိုးတွေသွင်းပေးနိုင်ခဲ့တဲ့အတွက် သူ့ကိုကျေးဇူးတင်ရမှာပါပဲ။ ပထမပိုင်းမှာ ကျွန်တော်တို့အခွင့်အရေးကောင်းတွေရခဲ့ပါတယ်။ဒီအခွင့်အရေးတွေကိုရယူပြီး ကစားပုံကောင်းမွန်စွာနဲ့သက်သေပြသွားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့သိခဲ့ပါတယ်။

နှစ်ဂိုးစီသရေကျနေတဲ့အချိန်မှာ တစ်သင်းကတော့ အနိုင်ရတဲ့အသင်းဖြစ်မှာပဲလို့ ခံစားမိခဲ့ပါတယ်။ပင်နယ်တီဧရိယာထဲမှာတော့ ကာဗာနီရဲ့လှုပ်ရှားမှုတွေကတဂယ့်ကိုကောင်းပါတယ်။ထရိန်နင်ဆင်းနေတဲ့အချိန်တွေတောင်မှ သူကအကောင်းဆုံးကစားပြနေတဲ့သူပါ။

အသင်းအတွက် သူဘာတွေယူဆောင်လာပြီး သူ့မှာဘာတွေရှိနေလဲဆိုတာကို ပြသနိုင်မယ်လို့ ကျွန်တော်တို့သိခဲ့ပါတယ်။သူကန်တဲ့အချိန်တိုင်းက အရေးပါ ပါတယ် ဘာကြောင့်လဲဆိုတော့ သူက ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်နေလို့ပါပဲ။”

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER