Local News

တောင်ပေါ်မှမိုးရေတွေကို ရွာကလူတွေ အသုံးပြုနိုင်အောင် နှစ်ပေါင်း ၃၀ ကြာသည်အထိ တူးမြောင်းကြီး တူးဖော်ခဲ့တဲ့ အဘိုးအို

အိန္ဒိယနိုင်ငံ Bihar ပြည်နယ်က ရွာငယ်လေးတစ်ရွာမှာနေထိုင်နေလျက်ရှိတဲ့ အဘိုးအိုတစ်ဦးဟာ ရွာအနီးမှာရှိတဲ့တောင်ကုန်းပေါ်ကနေ မိုးရေတွေရွာအထိစီးဆင်လာအောင် 3km အရှည်ရှိတဲ့ တူးမြောင်းကြီးကို အခြားသူတွေရဲ့အကူအညီမပါဘဲ နှစ်ပေါင်း 30 ကြာသည်အထိ တစ်ကိုယ်တည်း တူးဖော်ခဲ့ပါတယ် ။

Laungi Bhuiyan အမည်ရှိတဲ့ အဘိုးအိုကတော့ ‘ ရွာထဲက ရေကန်အထိရေတွေရောက်ဖို့ ဒီတူးမြောင်းကြီးကို နှစ် 30 လောက်အချိန်ယူပြီး တူးခဲ့ရတယ် ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။ ‘ လွန်ခဲ့တဲ့ နှစ်ပေါင်း 30 ခန့်က ကျွန်တော်တောထဲမှာ ကျွဲနွားကျောင်းရင်း တူးမြောင်းကို တူးနေခဲ့တာပါ

ကျွန်တော်အားထုတ်ကြိုးစားနေချိန် ဘယ်သူကမှ ဝင်မကူခဲ့ပါဘူး ၊ ရွာသားတွေက ငွေရှာဖို့မြို့တက်ပြီး အလုပ်လုပ်ကြတယ် ကျွန်တော်ကတော့ ရွာမှာပဲနေရစ်ခဲ့ပါတယ် ‘ ဆိုပြီး အဘိုးအိုကပြောပြခဲ့ပါသေးတယ် ။အခုချိန်မှာတော့ တူးမြောင်းကြီးကလုံးဝပြီးဆုံးသွားပါပြီ ။ ရွာသားတွေကလည်း အဘိုးအိုရဲ့လုပ်ရပ်ဟာ လူတွေအတွက်ဘယ်လောက်အရေးပါလဲ ဆိုတာကိုသိရှိသွားခဲ့ပါပြီ ။

‘များစွာသော တိရစ္ဆာန်တွေ နဲ့ စိုက်ကွင်းတွေထဲ ရေသွယ်နိုင်ခဲ့လို့ အကျိုးကျေးဇူးတွေအများကြီးရခဲ့ပါတယ် ၊ သူ့ရဲ့အကျိုးအတွက်မဟုတ်ဘဲ အများအကျိုးအတွက် သူလုပ်ပေးခဲ့တာပါ ‘ ဆိုပြီးရွာသားတစ်ဦးက ပြောပြခဲ့ပါတယ် ။

အခြားရွာသားတစ်ဦးကလည်း ‘ ဒီကလူတွေအတွက် အကျိုးကျေးဇူးအများကြီးရခဲ့ပါတယ် ၊ သူ့ရဲ့လုပ်ရပ်ကြောင့် အခုဆိုရင် လူအတော်များများက သူ့ကို သိနေကြပါပြီ ‘ ဆိုပြီး ပြောကြားခဲ့ပါတယ် ။အခကြေးငွေမရဘဲ အလုပ်ကြိုးစားခဲ့တဲ့အဘိုးအိုကို တစ်စုံတစ်ယောက်ကသာ ဝင်ကူပေးခဲ့မယ်ဆိုရင် ဒီလောက်နှစ်တွေကြာမှာ မဟုတ်ဘူးဆိုတဲ့ အတွေးလေးတော့ စာဖတ်သူတိုင်းခံစားမိသွားမယ်လို့ ထင်မိပါတယ် ။မူရင်းကရစ်ဒစ်