Local News

တစ်သောင်းတန် အုပ်လိုက်ကြီးကိုင်ပြီ မြို့အနှံ့ပံ့သကူပစ်ခဲ့တဲ့ ရွှေထူးတို့ ဇနီးမောင်နှံ

ပံ့သကူပစ်ပြီးလှူဒါန်းကြတဲ့အလေ့အထလေးမှာ ရွှေစုံတွဲလည်းပါဝင်လာခဲ့ပါပြီ။ တစ်သောင်းတန်အထပ်လိုက်ကို စာအိတ်လေးတွေနဲ့ထည့်ပြီး ” ပံ့သကူအလှူ ” ဆိုပြီးရေးသားကာ လိုက်လံပစ်မှာဖြစ်ပါတယ်။ ဒီအလေ့အထလေးမှာ ချစ်ဖို့လည်းကောင်းသလို ရင်ခုန်စရာပျော်စရာလည်းကောင်းပါသေးတယ်။

တစ်နှစ်လုံအလုပ်တွေကြိုးစားသလို အခုလိုလှူကြတန်းကြတဲ့အချိန်မှာလည်း ပျော်ပျော်ကြီး ပါဝင်ဆင်နွှဲကြတာလည်း ကြည်နူးစရာ တစ်ခုပါ။ ကိုဗစ်ကာလမှာအကျပ်အတည်းဖြစ်နေတဲ့ သူတွေ ဒီစာအိတ်လေးကိုရသွားမယ်ဆိုရင် သူတို့ရဲ့ပျော်ရွှင်မှုတွေဟာ လှူလိုက်သူရော ရရှိသူရော ထပ်တူအကျိုးခံစားရမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတစ်သောင်းတန်တွေကိုဆေးဖြန်းနေတဲ့ ရွှေထူးရဲ့ပုံလေးဟာ ဒီနေ့အလှူလေးအတွက် သေချာပြင်ဆင်နေ တာဖြစ်ခဲ့မယ်ဆိုရင်တော့ နှစ်ယောက်သားရဲ့ စေတနာ သဒ္ဓါတရားဟာ တကယ့်ကိုချီးကျူးလောက်စရာပါပဲ။ နောက်ထပ်လည်း ဒီထက်မကသောအလှူတွေ အတူတူပြုနိုင်ပါစေ။မူရင်းပို့စ်အားကရစ်ဒစ်ပါတယ်။