Articles

ယူနိုက်တတ် အားကိုးရမယ့် ဟန်ဒါဆင်

ဆောက်သန်တမ် အိမ်ကွင်းမှာတော့ ဧည်သည်ယူနိုက်တက် အသင်းဟာ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်ဖြင့် အံ့ဩစရာကောင်းလောက်အောင် ခြေပဂိုးများနဲ့ အနိုင်ရရှိခဲ့ပါတယ်။ Southampton အသင်းကို Come backတွေ နဲ့ ပြန်လာခြင်းဟာ ၁၀ကြိမ်မြောက် ရှိလာခဲ့ပြီး ဒါဟာ Newcastle ကိုလည်း United တို့ come backနဲ့ ပြန်အနိုင်ယူနိုင်တဲ့ ၁၀ကြိမ်နဲ့ အကြိမ်အရေအတွက် တူညီသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တတ် ဂိုးသမား ဒီဂီယာအနေနဲ့ အစ္စတန်ဘူအသင်းနဲ့ ပွဲစဥ်ခနဲ့က ဒူး ဒဏ်ရာပြသနာ ​ရင်ဆိုင်ခဲ့ရတဲ့အခြေအနေ ရှိခဲ့ပါတယ် ဆောက်သမ်တန် နဲ့ ပွဲစဥ်မှာ ထပ်မံ ရရှိတဲ့အတွက် ဒုတိယပိုင်းအစ မှာတော့ နည်းပြဆိုးလ်ရှားက ယူနိုက်တတ်ရယ့် နံပါတ် ၂ ဂိုးသမားဖြစ်တဲ့ ဟန်ဒါဆင်နဲ့ လူစားလှဲစေခဲ့ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့အတွက် ပွဲစဥ်မှာ ဒီဂီယာအနေနဲ့ ပါဝင်ဖို့ မသေချာတဲ့ အနေအထား မှာရောက်ရှိသွားပါပြီ ဒီဂီနေရာမှာ အစားထိုးဖို့ အစဥ်သင့်ဖြစ်နေတဲ့ ဟန်ဒါဆင်နဲ့ ပွဲထွက်လာဖို့ရှိပါတယ်။

ဟန်ဒါဆင်ဟာ ယူနိုက်တတ်ရဲ့အကယ်ဒမီထွက်တစ်ဦးဖြစ်တဲ့အပြင်လက်စွမ်းတေပြသနေတဲ့ လူငယ်ကြယ်ပွင့်လို့ ပြောလို့ရပါတယ် သူအနေနဲ့ လူငယ်တယောက်ဖြစ်တာကြောင့် ပွဲထွက်ခွင့် အတွက် စာလောင်နေမှာသေချာပါတယ်။

ဆောင်းရာသီ စျေးကွက် အပြောင်းအရွှေ့ကာလမှာ ဟန်ဒါဆင်တယောက် ပွဲထွက်ခွင့် ရဖို့အရေးပြောင်း ရွှေ့ကိစ္စတွေ ပေါ်ထွက်နေပေမဲ့ နည်းပြဆိုးလ်ရှား ကတော့ ဟန်ဒါဆင်ကို လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ရိုမဲရိုး တစ်ယောက်ကတော့ ဆိုးလ်ရှား နဲ့ အဆင်မပြေသလို့ ယူနိုက်တတ်နဲ့ပါလမ်းခွဲကြဖို့ အချိန် ကျရောက်နေခဲ့ပါဘီ။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






PHOTOS CREDIT TO OWNERS
SPORTS GABER