Local News

(၅) နှစ်ကျော် လက်တွဲလာခဲ့တဲ့ ချစ်သူနိုင်ငံခြားသားလေးနဲ့ ရွှေလက်တွဲ လက်ထပ်လိုက်ပြီဖြစ်တဲ့ အမွန်း

ထူးခြားတဲ့ ကိုယ်ပိုင်စတိုင်နဲ့ သီချင်းတွေကို မြူးမြူးကြွကြွ သီဆိုတတ်တဲ့ အဆိုတော်မလေး အမွန်းကတော့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ အမွန်းကတော့ သူမရဲ့ ဂီတလမ်းကြောင်းလျှောက်လှမ်းမှုကိုသာမက သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားတာပဲ ဖြစ်ပါတယ်။ အမွန်းရဲ့ ချစ်သူကတော့ တိုင်းတစ်ပါးသားဖြစ်ပေမယ့် အမွန်းကို အရမ်းချစ်ပြီး မိသားစုရဲ့ ဓလေ့ရိုးရာ အစဉ်အလာကို လေးစားစွာ လိုက်နာတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်၊ သြဂုတ်လအတွင်းက ချစ်သူသက်တမ်း (၄) နှစ်ပြည့်နေ့မှာ လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ အမွန်းကတော့ (၂၀၂၀) နှစ်ကုန်ပိုင်းမှာ လက်ထပ်မယ်လို့ ပွင့်ပွင့်လင်းလင်းပြောထားတာပဲ ဖြစ်ပါတယ်။ ပြောထားတဲ့အတိုင်းပဲ ဒီကနေ့ နိုဝင်ဘာလ (၃၀) ရက်နေ့မှာတော့ အမွန်းက ဘုရားကျောင်းမှာ မင်္ဂလာဆောင်ခဲ့တဲ့ သူမတို့ ချစ်သူနှစ်ယောက်ရဲ့ ဓာတ်ပုံတွေကိုချပြပြီး နှစ်ဦးသဘောတူ လက်ထပ်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

အမွန်းကတော့ လူမျိုးခြင်းမတူညီပေမယ့် နှလုံးသားချင်း ထပ်တူကျတဲ့ ချစ်သူလေးနဲ့ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ်ထောင်ရှင်ဖြစ်သွားပြီဖြစ်တဲ့ အမွန်းအတွက် ဝမ်းသာဂုဏ်ပြုစကားလေး ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်