Sports

နည်းပြကြီးဖာဂူဆန်ပြောတဲ့ ယူနိုက်တက် အချစ်တော် မားကပ်ရက်ရှဖို့ဒ်

မန်ချက်စတာ ယူနိုက်တတ် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တတ် နဲ့အတူ မြက်ခင်းပေါ်မှာ လှပတဲ့ စွမ်းရည်တွေနဲ့ သွင်းဂိုးတွေရယူနေတဲ့ပြင် အပြင်လောကအတွက်လည်း ကောင်းမွန်တဲ့ စိတ်ထားတွေထားကာ ပရဟိတ တွေလုပ်ဆောင်နေတဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။

ထိုသို့အဖက်ဖက်က ပြည့်စုံလှတဲ့ ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်နည်းပြဟောင်းကြီး ဖာဂူဆန်က
“ ဘောလုံးက သူ့ကို မပြောင်းလဲစေနိုင်ခဲ့ပါဘူး။ ဘောလုံးလောကမှာ ကြောက်စရာ အကောင်းဆုံး အန္တရာယ်က ပိုက်ဆံပဲ။ ပိုက်ံဆံက လူတွေကိုပြောင်းလဲစေနိုင်တယ်။ အောင်မြင်ကျော်ကြားမှုတွေကလည်း လူတွေကို ပြောင်းလဲပစ်နိုင်တယ်။ ကမ္ဘာပေါ်က လူတိုင်းကလည်း အောင်မြင်မှုကို သေချာ မကိုင်တွယ်နိုင်ကြဘူး။

ဒါပေမယ့် မားကပ်စ် ကတော့ အဲလိုမဟုတ်ဖူး။ သူအကောင်းဆုံး ထိန်းချုပ်နိုင်ပါတယ်။” လို့ချီးကျူးပြောဆိုသွားပါတယ်။

အသက် 23နှစ် ရှိပြီဖြစ်တဲ့ ယူနိုက်တက်ကစားသမား မာကပ်ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းနဲ့အတူ 228ပွဲကစားထားပြီး 75ဂိုးသွင်းယူထားပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER