Local News

ဗုဒ္ဓပုံတော်ဆင်းတုတော်တို့ကို ဘာကြောင့်ကိုးကွယ်နေသလဲ

ဗုဒ္ဓဝါဒမှာ မျက်စိမှိတ် ယုံကြည်ကိုးကွယ်ရတာမျိုး မရှိဘူး။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာ၀င်တွေဟာဗုဒ္ဓရဲ့ပုံတော်ရုပ်ဆင်းတုတော်တွေကိုဘာကြောင့် ကိုးကွယ်နေကြသလဲလို့မေးနိုင်ပါတယ် အဖြေက လွယ်ပါတယ် ဗုဒ္ဓဘာသာ၀င်တွေဟာ ဗုဒ္ဓရဲ့ပုံတော်ကိုရှိခိုးပူဇော်နေကြတာဟာချမ်းသာစည်း စိမ်တစ်စုံတစ်ခုကိုမျှော်လင့်တောင့်တပြီးရှိခိုးနေကြတာ မဟုတ်ပါဘူး။

အသက်ထင်ရှားရှိတဲ့ ဗုဒ္ဓရဲ့ရှေ့မှောက်ရောက်နေတယ်လို့ ထင်မှတ်ပြီး အလွန်လေးနက်သော ဂါရဝဖြင့်ရှိခိုး ပူဇော်နေကြခြင်း ဖြစ်တယ်။အဲဒီ ရှိခိုးပူဇော်နေကြတဲ့ဗုဒ္ဓဘာသာ၀င်တွေရဲ့စိတ်ထဲကိုမိမိရဲ့စိတ်သွင်းပြီး ကြည့်လိုက်စမ်းပါ။ ဘယ်လောက်အံ့သြစရာကောင်း
လိုက်သလဲ ?

အတုမရှိတဲ့မဟာပုရိသ ဗုဒ္ဓရဲ့ပုံတော်ရှေ့မှာ ပန်း ရေချမ်း ဆီမီး ဆွမ်းစသည်ကပ်လှူပြီး ရှိခိုးနေရတာဟာဗုဒ္ဓဘာသာ၀င်တို့ရဲ့စိတ်နှလုံးမှာကြည်လင်အေချမ်းပြီးတော့ဆုတ်နစ်သောစိတ်ဓာတ်ဟာတက်ကြွ လာတယ် ကျဆင်းနေသောစိတ်ဓာတ်ဟာတိုးပွားလာတယ်ညစ်ညူးနေသောစိတ်ဓာတ်ဟာကြည်လင်လာတယ်။

ဗုဒ္ဓလက်ခံခဲ့တဲ့ ယုံကြည်ကိုးကွယ်မှု့ဗုဒ္ဓရှင်တော်ကလည်း မိမိရဲ့သာ၀ကတွေကို မိမိကျင့်သလို ကျင့်စေချင်တယ်မိမိကိုအတုယူစေချင်တယ် ဗုဒ္ဓရဲ့ပုံတော်ရှေ့မှောက်မှာထိုင်၍ ဗုဒ္ဓကို အာရုံပြုပြီး ပူဇော်လိုက်တဲ့အခါ ဗုဒ္ဓနဲ့အတူတူနေရတယ်လို့ စိတ်မှာ ၀င်စားလာတတ်ပါတယ်။

ဗုဒ္ဓနဲ့ အတူတူနေရတဲ့ပုဂ္ဂိုလ်ဟာမကောင်းသောအကျင့်တွေကို ကျင့်လို့ ဘယ်ဖြစ်တော့မလဲတဖြည်းဖြည်း ဗုဒ္ဓဓာတ်ကူးလာနိုင်ပါတယ်။ဒါ့ကြောင့် ဗုဒ္ဓကလည်း ပညာဉာဏ်ကို အရင်းခံသော ယုံကြည်မှုဖြင့် ကိုးကွယ်ဆည်းကပ်သည်ကိုလက်ခံပါတယ်။ ဗုဒ္ဓဘာသာ၀င်တွေကလည်းဤရည်ရွယ်ချက်ဖြင့် ဗုဒ္ဓပုံတော်ကို ကိုးကွယ်ကြခြင်းဖြစ်ပါတယ်။

ညောင်ပင်ဟာ ဗောဓိဉာဏ်ရဲ့အထိမ်းအမှတ်တစ်ခုဖြစ် ပါတယ်ဒီညောင်ပင်မှာ ဗောဓိဉာဏ်ရလို့ဒီညောင် ပင်ကို ဗောဓိပင်လို့ခေါ်ကြပါတယ်။ဗုဒ္ဓဘာသာရဲပဓာနလုပ်ငန်းတစ်ခု ရုပ်တု ဆင်းတု ညောင်ပင် စသည်ပူ ဇော် ခြင်းတွေဟာဗုဒ္ဓဘာသာမှာအရေးကြီးတဲ့အချက်တွေတော့ မဟုတ်ပါဘူး အဓိက ပဓာနလုပ်ငန်းများလဲ
မဟုတ်ပါဘူး သို့သော် သမာဓိကောင်းစွာ ရရှိနိုင်တဲ့အတွက်လုပ်ထိုက်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။

ဒါ့ကြောင့်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်များဟာ အတုမဲ့မဟာပုရိသဖြစ်တော်မူတဲ့ဗုဒ္ဓရဲ့ပုံတော်ကို သူတို့စိတ်ထဲမှာထင်ထင်ရှားရှား ထည့်သွင်းထားပြီးဗောဓိဓာတ်ကို ရ အောင်ယူတတ်ကြတယ်။ စိတ်ကြည်လင်မှု့ချမ်းသာမှု့ကိုရှာဖွေကြတယ်။သို့သော်ဗုဒ္ဓဘာသာ၀င်တွေဟာကျေးဇူးရှင် မြတ်ဗုဒ္ဓကိုရှိခိုးပူဇော်ကြခြင်းထက်မြတ်ဗုဒ္ဓကဲ့သို့သစ္စာတရားတို့ကိုသိအောင် အားထုတ်ခြင်း။

သိက္ခာသုံးပါး မဂ္ဂင်ရှစ်ပါးပါရမီဆယ်ပါးတို့ကို အား ထုတ်ခြင်းကသာလျှင် ပိုမြတ်ပါတယ်။ဗုဒ္ဓကလည်း တပည့်သာ၀ကတို့ရဲ့ပူဇော်ခြင်းထက်မိမိကျင့်သလိုအကျင့်မြတ်တွေကျင့်ကြလိုက်နာခြင်းကိုသာမျှော်လင့်ပါတယ်ကျင့်ဖို့ချည်း တိုက်တွန်းနှိုးဆော်ပါတယ်။ဗုဒ္ဓကို မြင်တွေ့တဲ့လူဆိုတာ ငါဘုရား၏အဆုံးအမ အကျင့်မြတ်တွေကိုကျင့်ကြံလိုက်နာသူသည် ငါဘုရားကို အမြတ်ဆုံးပူဇော်သူမည်၏။

တရားမြင်သောသူသည် ငါဘုရားကို မြင်၏တရားမမြင်လျှင် ငါဘုရားကို မမြင်သေး”ဟုဟောတော်မူခဲ့ပါတယ်။သို့သော်ဗုဒ္ဓပုံတော်ထက်ပို၍ ခန့်ညား သပ်ရပ်ထည်ဝါပြီးကျက်သရေရှိသော အခြားရုပ်ပုံတစ်ခုဤကမ္ဘာလောကမှာ မရှိတော့ပါ။မျက်စိနဲ့မြင်ရတဲ့ ဗုဒ္ဓပုံတော်ကိုမြင်ရကြည့်ရသော အခါ ဗုဒ္ဓပုံတော်ထဲမှာ ဗုဒ္ဓရဲ့စိတ်ဓါတ်တွေ ပါ၀င်လာတယ်လို့ထင်ရပြီးမိမိရဲ့နှလုံးသားမှာလဲဗောဓိဉာဏ်ရဲ့ အရောင်ဟာထင်ဟပ်လာတယ်လို့ ထင်မှတ်ရပါတယ်။

နောက်ထပ် ပြောလိုတာက ဗုဒ္ဓဝါဒ ဗုဒ္ဓဘာသာမှာ
အသနားခံ၍ ဆုတောင်းခြင်းဗုဒ္ဓနှင့် ဆုတောင်းသူတို့ကြားထဲမှာ ဆက်သွယ်သူ(အောင်သွယ်သဘော) ကိုယ်စားလှယ်ထား၍ ဆု့တောင်းခြင်းဆိုတာ မရှိပါဘူး။ ဗုဒ္ဓဘာသာတို ဆုတောင်းတယ်ဆိုတာဘုန်းကြီးက လူတွေအလယ်ဆု တောင်း ပေးရတယ်ဆိုတာမျိုးဒုက္ခရောက်လာလို့ ကယ်တင်တော်မူပါကျူးလွန်မိလာလို့သနားစောင့်ရှောက်တော်မူပါ ဆိုတာမျိုးတွေမရှိပါဘူး။

သို့သော် ဗုဒ္ဓထံမှာဆု့ပန်တယ် ဆု့တောင်းတယ်ဆိုတာရှိပါတယ်ကယ်တင်ဖို့ စောင့်ရှောက်ဖို့တောင်းတာ မဟုတ်ပါဘူး။ မိမိဖြစ်ချင်တဲ့ဆန္ဒကိုမိမိရဲ့ကောင်းမှုပေါ်မှာ အခြေခံပြီး ထုတ်ဆိုခြင်းသာ ဖြစ်ပါတယ်။ဗုဒ္ဓကလဲ သင်တို့တောင်းဆိုတာတွေကိုငါဘုရား ပေးမယ်လို့ ဘယ်တော့မှဘုန်းကမှတာ၀န်မခံပါဘူး။အသနားခံခြင်းဆုတောင်းခြင်းတွေမှတစ်ပါး မိမိဘ၀ ဖြူစင်သန့်ရှင်းရေးအသိ ဉာဏ်ပွင့်လင်းရေးဒုက္ခမှလွတ် မြောက်ရေးတို့အတွက် သိက္ခာသုံးပါး ကျင့်သုံးဖို့ကိုသာ ဗုဒ္ဓသည် ညွှန်ပြတော်မူလေ့ရှိပါတယ်။

သိက်ခာ သုံးပါးဆိုတာသီလ သမာဓိ ပညာပါဘဲ။
သီလကျင့်တော့ ကိုယ်နှုတ်စိတ်နှစ်ပါးဖြူစင်သန့်ရှင်းသွားတယ်။ သမာဓိရအောင် အားထုတ်တော့
စိတ်အညစ်အကြေးတွေတစ်ခဏ တစ်ဘ၀ သန့် ရှင်းအေးချမ်းသွားတယ်။ပညာကျင့်စဉ် ကျင့်လိုက်တော့ကိလေသာအညစ် အကြေးတွေအပြီး တိုင် ကင်းဝေး သန့်ရှင်းသွားတယ်။

#သီတဂူ ဆရာတော်ဘုရား
covidအန္တာရယ်ကင်း ဝေးကျပါစေ
ကျန်းမာချမ်းသာရှိကြပါစေ
# Crd – Shwe Zin