Sports

ယူနိုက်တက်အသင်းရဲ့ သမိုင်းမှာ ဘယ်နည်းပြမှ မယူနိုင်ခဲ့တဲ့ စံချိန်သစ်တစ်ခုကို ရယူပြခဲ့တဲ့ ဆိုးလ်ရှား

ဆောက်သန်တမ် အိမ်ကွင်းမှာတော့ ဧည်သည်ယူနိုက်တက် အသင်းဟာ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်ဖြင့် အံ့ဩစရာကောင်းလောက်အောင် ခြေပဂိုးများနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်ဂိုး သုညဖြင့်အရေးနိမ့်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက် အသင်းယုံကြည်မှု ‌နည်းခဲ့ပြီး အပျက်များခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ရယ့် စိတ်ဓာတ်ပိုင်း ယုံကြည်မှုပိုင်း မြင့်တက်ခဲ့ပါတယ်။

ကာဗာနီ ဘရူနိုနှင့် အသင်းသားတေရယ့်စည်းလုံးမှု ခြေစွမ်းပြမှုတေက ယူနိုက်တက်တို့ အနိုင်ပြန်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တတ် အတွက်တော့ တစ်ခါမှမရဖူးသေးတဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၈ပွဲဆက်တိုက် အနိုင်ရရှိအောင် နည်းပြဆိုးလ်ရှား စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ယင်းနည်းပြဟာ ယူနိုက်တတ်သမိုင်းမှာတော့ အဝေးကွင်း ၈ပွဲဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ပထမဆုံး နည်းပြ အဖြင့်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းအရ Bruno Fernandes, Fred & Maguire တို့ ၃ ယောက်ဟာ ယူနိက်တက် အသင်း နိုဝင်ဘာ လရဲ့ တစ်လတာအကောင်းဆုံးကစားသမား စာရင်းတွင် ဖော်ပြခြင်းခံထားရပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ FA Cup တတိယအဆင့် ပြိုင်ပွဲ အဖြစ် အိမ်ကွင်း Old Trafford မှာ ဝက်ဖိုဒ့် အသင်းကို လက်ခံ ကစားရမှာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






PHOTOS CREDIT TO OWNERS
SPORTS GABER