Sports

ချန်ပီယံလိဂ်နဲ့ယူနိုက်တတ်ဒဏ်ရာပြသနာများ

ယူနိုက်တတ် အသင်းဟာ လာမယ့်ကြားရက်မှာ ​ယှဥ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဥ်ဖြစ်တဲ့PSG အသင်းနဲ့ ကစားရမှာဖြစ်ပြီး ယင်းပွဲစဥ် အတွက် ယူနိုက်တတ် အသင်းဟာ ဒဏ်ရာ ပြသနာအသီးသီးရင်ဆိုင်နေရပါတယ် နည်းပြဆိုးလ်ရှားအနေနဲ့ ကစားသမားတွေ ဒဏ်ရာပြသနာ ဖြစ်နေတဲ့အချိန်မှာ ဘယ်လို ပြင်ဆင်အကောင်းဆုံး ပွဲထွက်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းမှာပါ။

ယူနိုက်တတ် အသင်း ရှေ့တန်းတိုက်စစ် အနေအထားမှာ ကြည့်မယ်ဆိုရင် မာစီရယ် ပါဝင်လာဖို့ မရှိသလို့ ကွင်းလယ်မှ ကစားအား ကောင်းကောင်းနဲ့ ထောက်ပံပေးခဲ့တဲ့ ဗန်ဒီဘိခ် လည်း ဆောက်သမ်တန် နဲ့ ပွဲမှာ ခြေထောက် ထိချက်က များနေလို ပါဝင်နိုင်ဖို့ မသေချာလှပါဘူးပေါ့ဘာအနေနဲ့လည်း ပါဝင်လာခဲ့ရင်လည်း အရံအဖြစ်နဲ့သာ ပါဝင်ဖို့ ပိုမို့များပြားသလို တော်မီနေး၊ လုခ်ရှော၊ (တွမ်ဇမ်ဘီကလည်း အဝါကဒ်)ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာမဟုတ်ပါဘူး။

ဒီဂီယာအနေနဲ့ ကတော့ နှစ်ကြိမ်ဆက်တိုက် ဒူးနဲ့ဂိုးတိုင်နဲ့ ထိခိုက်မိတဲ့အတွက် PSGနဲ့ ပွဲအတွက် ပြန်လည်ကောင်းမွန်လာဖို့ နည်းပြဆိုးလ်ရှား ကမျှော်လင့်နေပါတယ်။

ဂိုးသမား David Degeaရဲ့ ဒူးဒဏ်ရာကို ယနေ့မှာ ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမယ်လို့ သိရပါတယ် ဒူးဟာ ခုထိ နာကျင်နေသေးသော်လည်း ပြင်းထန်တဲ့ ဒဏ်ရာမဖြစ်နိုင်ဘူးလို့တော့ တာဝန်ရှိသူတွေက ဆိုထားပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





PHOTOS CREDIT TO OWNERS
SPORTS GABER