Sports

ယူနိုက်တတ် အကယ်ဒမီထွက် ကစားသမားကို ပြန်လည်ခေါ်ယူဖို့ရှိနေတဲ့ နည်းပြဆိုးလ်ရှား

ယူနိုက်တတ် အသင်းရယ့် လူငယ် အကယ်ဒမီ အသင်းမှ ထွက်ပေါ်လာခဲ့တဲ့ နောက်ခံကစား သမား အီဗန်စ်ဟာ အပြောင်းရွှေ့စျေးကွက်မှာ လက်စတာအသင်းကနေ ယူနိုက်တတ်အသင်းဟောင်းဆီပြန်လည်ရောက်ရှိ လာဖို့ ရှိနေတယ် နည်းပြဆိုးလ်ရှားကရော နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မိုက်ဖီလန်ကပါ သူတို့ရဲ့ကစားသမားဟောင်းကို အသင်းနဲ့ ပြန်လည်ပူးပေါင်းစေလိုနေတယ်လို့ သိရပါတယ်။

ယူနိုက်တတ် လူငယ် အကယ်ဒမီ မှ ထွက်ခဲ့တဲ့ အီဗန်စ်ဟာ ယူနိုက်တတ်အသင်းကြီးအတွက် ပါဝင်ကစားရခြင်း မရှိခင်က အန့်ဝပ်နဲ့ ဆန်းဒါလန်း အသင်း၊ ဝက်ဘရွန်းတို့ထံမှာ အငှားနဲ့ သွားရောက် ကစားနေပြီး

ဝက်ဘရွန်းအသင်းမှာ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ရပါသေးတယ်။

အသက်(၃၂)နှစ်အရွှယ်ရှိ မြောက်အိုင်ယာလန်လက် ရွေးစင် နောက်ခံကစားသမား အီဗန်စ်ဟာ ယူနိုက်တက်နဲ့လည်း ပရီးမီးယားလိဂ်ချန်ပီယံ (၃)ကြိမ်အထိ ပိုင်ဆိုင်ခဲ့သလို ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ လိဂ် ဖလားတွေကိုလည်း ပိုင်ဆိုင်ခဲ့ရပါတယ်။

နည်းပြဆိုးလ်ရှားကရော နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မိုက်ဖီလန်ကပါ သူတို့ရဲ့ကစား သမားဟောင်းကို အသင်းနဲ့ ပြန်လည်ပူးပေါင်းစေလိုနေတယ်လို့ သိရပါတယ်။

PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






PHOTOS CREDIT TO OWNERS
SPORTS GABER