Sports

ယူနိုက်တက်ကစားသမားတေ ဖလားရသလို အောင်ပွဲခံခဲ့ကြတယ်ဆိုတဲ့ ဆောက်သန်တမ်နည်းပြ ပြောဆို

ယနေ့ ဆောက်သန်တမ် အိမ်ကွင်းမှာတော့ ဧည်သည်ယူနိုက်တက် အသင်းဟာ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်ဖြင့် အံ့ဩစရာကောင်းလောက်အောင် ခြေပဂိုးများနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ထိုအနိုင်ရလဒ်ရရှိပြီး အ၀တ်လဲခန်းထဲမှာ ယူနိုက်တက် ကစားသမားတို့ ပျော်ရွင်စွာ အောင်ပွဲခံခဲ့ကြပါတယ်။ ထိုသို့အောင်ပွဲခံခဲ့ပုံကို ဆောက်သန်တမ်နည်းပြ Ralph Hasenhüttl ကတော့ အခုလိုဘဲပြောကြားခဲ့ပါတယ်။


“အဝတ်လဲခန်းထဲသူတို့အောင်ပွဲခံနေတာကို ကျနော်တို့အတိုင်းသားကြားနေရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီကနေ့ကျနော်တို့ဘာတွေလုပ်ခဲ့တယ်၊ သူတို့အတွက်ဘယ်လောက်ထိခက်ခဲတဲ့ပြိုင်ဘက်ဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျားသိနိုင်ပါတယ်။ ကျနော်ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ သူတို့အောင်ပွဲခံနေကြတာပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားတဲ့အတိုင်းပါပဲ ဒါ ကျနော့်အတွက်တော့ပြောစရာတစ်ခုလိုဖြစ်နေတယ်။

ဘာကြောင့်လဲဆိုရင် သူတို့ဒီလိုအောင်ပွဲခံနေကြတယ်ဆိုတာဟာ ဒီနေ့ သူတို့ခက်ခက်ခဲခဲကစားခဲ့ရတယ်ဆိုတာကိုဖော်ပြနေတာပါပဲ။ ကျနော်တို့ကိုအနိုင်ကန်ဖို့ သူတို့အကောင်းဆုံးကစားခဲ့ရတယ်။ ကျနော့်အသင်းကစားခဲ့တဲ့ပုံကို ကျနော်ဂုဏ်ယူနိုင်ပါတယ်။

တစ်ဖက်(၂)ဂိုးစီသရေကျ​နေတဲ့အချိန်က ကျနော့်အတွက်အဆင်ပြေ​သေးတယ်ဆိုပေမယ့် တတိယဂိုးထပ်ပေးခဲ့ရတယ်။ ကျ​နော်တို့လည်း တတ်နိုင်သလောက်ဒီနေ့ပွဲမှာအကောင်းဆုံးကစားခဲ့ပါတယ်”

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER