Articles

ပြန်လည်ဖြေရှင်းပြီး တောင်းပန်စကားဆိုလိုက်တဲ့ ကာဗာနီ

ဆောက်သန်တမ် အိမ်ကွင်းမှာတော့ ဧည်သည်ယူနိုက်တက် အသင်းဟာ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်ဖြင့် အံ့ဩစရာကောင်းလောက်အောင် ခြေပဂိုးများနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုး သုညဖြင့်အရေးနိမ့်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက် အသင်းယုံကြည်မှု ‌နည်းခဲ့ပြီး အပျက်များခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ရယ့် စိတ်ဓာတ်ပိုင်း ယုံကြည်မှုပိုင်း မြင့်တက်ခဲ့ပါတယ်။

ကာဗာနီ ဘရူနိုနှင့် အသင်းသားတေရယ့်စည်းလုံးမှု ခြေစွမ်းပြမှုတေက ယူနိုက်တက်တို့ အနိုင်ပြန်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယင်းပွဲစဥ် မှာ ကာဗာနီ အနေနဲ့ အောင်ပွဲခံပုံရိပ်တချို့ကို အင်စတာဂရမ်မှာတင်ခဲ့တဲ့ ပို့စ်ကြောင့် ပွဲပယ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ကာဗာနီအနေနဲ့ Gracias negrito ဆိုတဲ့ စာသားဖြင့် တင်ခဲ့တဲ့ ပို့စ်ဟာ လူမဲတွေအပေါ်မှာ ခွဲခြားတဲ့စာသား(စကားလုံး)ဖြစ်ခဲ့လို့ စုံစမ်းစစ်ဆေးနေကြောင်း အနည်းဆုံး ပွဲပယ် တစ်ပွဲ ခံရနိုင်မယ်လိုသိရပါတယ်။ ယင်းပို့စ်အား ကာဗာနီ မှ ပြန်ဖျက်ခဲ့ပါတယ် ယခုအခါ တောင်းပန်ကြောင်းနဲ့ လူမျိုးရေခွဲခြားတာမဟုတ်ကြောင်းပြောဆိုလာပါတယ်။ပွဲပယ်ပြစ်ဒဏ်နဲ့ ပတ်သက်ပြီ ပြောကြားထားတာမရှိသေးပါဘူး။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER