ပွဲကြို အားပြိုင် သုံးသပ်ချက်

ကျွန်တော်တို့ရယ့် ယူနိုက်တက်အသင်းဟာဆိုလျှင်ဖြင့် ဒီဇင်ဘာ 3ရက်နေ့ ဗုဒ္ဓဟူးည ကြာသာပတေးမနက် 2နာရီ 30မိနစ်မှာ  psgအသင်းနဲ့ အို့ထရတ်ဖို့ဒ်မှာ ဒုတိယအကြော့ ယှဉ်ပြိုင်ကစားရမှာဘဲဖြစ်ပါတယ် ယူနိုက်တက်ဟာ ပထမအကြော့ အဝေးကွင်းပြိုင်ပွဲမှာ psg အသင်းကို2ဂိုး 1ဂိုးဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့တာဘဲဖြစ်ပါတယ်။ ထိုပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ဘရူနို နဲ့ ရက်ဖို့ဒ်တို့ရယ့် သွင်းဂိုးတေနဲ့ အနိုင်ရရှိခဲ့တာဘဲဖြစ်ပါတယ်။


ယူနိုက်တက်တို့နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တေကိုကြည့်မယ်ဆိုလျှင်လည်း ပရီးမီးယားလိဒ် ပွဲစဉ်အဖြစ်အာဆင်နယ် အစ်စတန်ဘူလ်အသင်းကို ချန်ပီရံလိဒ်ပွဲစဥ် ပထမအကြော့ မှာသာ ရှုံးနိမ့်ထားပြီး ကျန်ပွဲစဉ်တေအနိုင်ရထားတာဘဲဖြစ်ပါတယ်။ psgအသင်းဟာဆိုလျှင်လည်း ‌နောက်ဆုံးငါးပွဲမှာ (D W L W L) သရေ အနိုင်နှစ်ပွဲ အရှုံး နှစ်ပွဲ စသည်ဖြင့် ကြုံတွေ့ထားတာလည်းဖြစ်ပါတယ်။

လူစာရင်းအနေနဲ့ကတော့ ယူနိုက်တက်မှာ တော်တော်အားနည်းနောဖြစ်ပါတယ်။ ပေါ့ဘာ လင်ဂတ် လုခ်ရှောတို့က လွဲချော်ဖို့သေချာသလောက်ရှ်ိနေပါတယ်။

ကျန်တဲ့ကစာသမားတေဖြစ်တဲ့ ဗန်ဒီဘစ် မာရှယ် တော်မီနေး တဲလက်စ်တို့ကတော့ စောင့်ကြည့်တဲ့ အနေအထားမှာရှိပါတယ်။ psgအသင်းကတော့ နေမာ ဒီမာရီယာ အမ်မက်ပီ စတဲ့ အဓိက သမားတေ ပါ၀င်ဖို့အသင့်ရှိနေပါတယ်။

ယူနိုက်တက်တို့ကတော့ ချန်ပီရံလိဒ်မှာGroup Hရယ့် ဇယားထိပ်မှာ ရမှတ် ကိုးမှတ်ဖြင့် ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ psgအသင်းကတော့ ရမှတ် ခြောက်မှတ်ဖြင့် အဆင့်2မှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ပထမအကြော့ က ရှုံးကြွေးပြန်ဆပ်ချင် နေတဲ့ psgအသင်းကတော့ နိုင်ပွဲ တေဆာလောင်နေတဲ့ ယူနိုက်တက်တို့ နဲ့ ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။ ဇယားထိပ်မှာအဆင့်တစ် နေရာအတွက် ယူနိုက်တက်တို့အရေးကြီးတဲ့ပွဲကောင်းတစ်ပွဲလည်းဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER