Sports

ယူနိုက်တက်တို့ မျက်စိကျနေတဲ့ ပြင်သစ်နောက်ခံလူတစ်ဦး

ယူနိုက်တက်အသင်းဟာ ပြင်သစ်နိုင်ငံသား ရီးရဲလ် အသင်းရယ့်ကြယ်ပွင့် တစ်ဦးဖြစ်တဲ့ ရဖေးဗရိန်းကို ခေါ်ယူဖို့စိတ်၀င်စားလျှက်ရှိပါတယ်။ ထိုပြင်သစ်သားကို ခေါ်ယူဖို့ ပေါင်သန်း70လောက် ပေးရမယ့်အနေအထားမှာရှိပြီး ယူနိုက်တက်နှင့် အပြိုင် ချဲလ်ဆီးအသင်းဟာလည်း စိတ်၀င်စားလျှက်ရှိပါတယ်။

ယူနိုက်တက်ဟာ ချန်ပီရံလိဒ်ကန်နေရတဲ့ အခြေအနေမှာ ပြည့်စုံတဲ့ နောက်တန်းကစားသမားကို လင်ဒီလော့ နှင့် ဘိုင်လီတို့ထက် ခြေစွမ်းသာတဲ့ ကစားသမားကို လိုအပ်နေတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ သန်း70ဟာ ထိပ်တန်းနောက်တန်းကစားသမားအတွက် ဈေးတန်တဲ့ အနေအထားမှာရှိပါတယ်။

ဒါပေမယ့် ယူနိုက်တက်နှင့်အပြိုင် ချဲလ်‌ဆီးအသင်းက ဇူးမားနေရာ မှာ ပိုကောင်းတဲ့ကစားသမား အစားထိုးဖို့လိုအပ်‌ နေတာလည်းဖြစ်ပါတယ် အသက်27နှစ်ရှိပြီဖြစ်တဲ့ ထိုနောက်တန်းကစားသမားဟာ နိုင်ငံအသင်းဖြစ်တဲ့ ပြင်သစ်၊လာလီဂါဘီလူး‌ ရီးရဲလ်နဲ့ အတူ ဖလားမြောက်များစွာရယူထားပါတယ်။

ဗရိန်းကတော့ အတွေ့အကြုံအတွက် တခြားအသင်းမှာ သွားကစားချင်နေသော်လည်း ရီးရဲလ်အသင်းအနေနဲ့တော့ အသင်းမှာ ဆက်လက်ထားရှိချင်နေတာဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER