Sports

ဟန်ဆောင်ကောင်းတဲ့PSGအသင်းနဲ့ အတူ ယူနိုက်တက်တို့ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီရံလိဒ်ည

ယူနိုက်တက်အသင်းကတော့ ညက ချန်ပီရံလိဒ်ဒုတိယအ‌ကြော့ပွဲစဉ်မှာ PSGအသင်းကို တစ်ဂိုး သုံးဂိုးဆိုတဲ့ ရလဒ်ဖြင့် အရေးနိမ့်ခဲ့ပါတယ်။ နည်းပြဆိုးရှားလ်ကတော့ ပွဲဦးထွက်လူစာရင်းကို ကာဗာနီ၊ မာရှယ်၊ ရက်ဖို့ဒ်၊ ဘရူနို၊ ဖရတ်၊ တော်မီနေး၊ တဲလက်စ်၊ ဘစ်ဆာကာ၊ လင်ဒီလော့၊ မက်ဂွိုင်းယားနှင့် ဂိုးသမား ဒီဂီယာတို့ နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲအစ ခြောက်မိနစ်မှာ ယူနိုက်တက်တို့ ‌တစ်ဂိုးခွင့်ပြုလိုက်ရပြီး နေမာက သွင်းယူခဲ့ပါတယ်။ ဖရတ်က ပြိုင်ဘက်ကစားသမားကို ခေါင်းနဲ့တိုက်ခဲ့သလိုဖြစ်ပြီး VARပြန်ကြည့်ခဲ့ရပြီး ဒိုင်လူကြီးက အဝါကပ်ပြသခဲ့ပါတယ်။ ဖရတ်ကို ပစ်မှတ်ထားပြီး PSGအသင်းက ကြမ်းတမ်းစွာကစားခဲ့ပြီး ဆိုးရှားအနေနဲ့ သွေးပူပြီး အဝါကပ်ထပ်မံပြသခဲ့ရတော့မယ့် ဖရတ်ကို ဒုတိယပိုင်းမှာ လူမလဲတာကတော့ စဉ်းစားစရာပါ။

ယူနိုက်တက်တို့ ခြေပဂိုးကို ရက်ဖို့ဒ်က သွင်းယူခဲ့ပြီး ပြိုင်ဘက်နောက်တန်း ခြေထောက်နဲ့ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုး၀င်ခဲ့ပါတယ်။ ယူနိုက်တက်တို့ ပထမပိုင်းမှာ အခွင့်အရေးတေများစွာရရှိပြီး ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပေ။ ဒုတိယပိုင်းမှာတော့ PSGအတွက် ဒုတိယဂိုးကို ယူနိုက်တက်တို့ခွင့်ပြုလိုက်ရပြီး ပြန်အစမှာ ယူနိုက်တက်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဟာရဲယားကို ဖရတ်အနေနဲ့ foulဖြစ်ခဲ့ပြီ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရပါတယ်။

ကာဗာနီရယ့် ဂိုးခံခေမှုတေ မာရှယ်‌ရယ့်အမှားတေကလည်း ယူနိုက်တက်အတွက် နစ်နာစရာတေပါ။ တစ်ယောက်လျော့အနေအထားနဲ့တော့ ယူနိုက်တက်တို့ ပြန်လည် ဖိအားပေးသော်လည်း နေမာရယ့် နောက်ကျသွင်းဂိုးနဲ့အတူ အရှုံးရလဒ်ရင်ဆိုင်ခဲ့ရပြီဘဲဖြစ်ပါတယ်။

ယခု အရှုံးဟာ မာရဏGroupလို့ လူပြောများတဲ့ Group Hမှာ ယူနိုက်တက်တို့ဟာ ပြိုင်ဆိုင်မှုပြင်းထန်လာပြီး လိုက်ဇစ်အသင်းနဲ့ ပွဲစဉ် မှာ ပိုမိုအားဆိုက်ဖို့ လိုအပ်လာခဲ့ပြီဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER