Sports

ပွဲထွက်ခွင့်နဲ့ ထိုက်တန်မှုရှိရယ့်လားဆိုတဲ့ မေးခွန်းတေနဲ့ ယူနိုက်တက်တိုက်စစ်မှုး

ယူနိုက်တက် တိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ ပြင်သစ်သား အန်တိုနီမာစီရယ်ကတော့ ညက PSGအသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် လိုအပ်တဲ့ဂိုးတေကို ဖြုန်းတီးခဲ့မှုကြောင့် ပရိတ်သတ်တေရယ့် ဝေဖန်မှုကို အပြင်းအထန်ခံနေရပါတယ်။

အသင်းရယ့် ပွဲထွက်ခွင့်မှာ ထိုက်တန်မှုရှိရယ့်လားဆိုတဲ့မေးခွန်းကို မေးချင်စရာဖြစ်လာခဲ့ပါတယ်။ အရင်ရာသီမှာ ခြေစွမ်းပြပြီး ယူနိုက်တက်ရယ့် ထိပ်တန်းသွင်းဂိုးရှင်တစ်ဦးဖြစ်ခဲ့ပေမယ့် အခုရာသီမှာတော့ အချိန်ပေးစောင့်ကြည့်သင့်တဲ့ အခြေအနေမှာရှိပါတယ်။

မာစီရယ် နဲ့ပတ်သတ်ပြီး ပြစ်တင်ဝေဖန်မှုတွေကို နည်းပြ ဆိုးလ်ရှားက ငြင်းပယ်သွားခဲ့ပေမယ့် ဂိုးပေါက် လွဲချော်ခဲ့တဲ့ မာစီရယ် ရဲ့ အဆုံးသတ် တချို့ကို မြင်တွေ့ခဲ့တဲ့ ပွဲစဉ် အတွင်း ဆိုးလ်ရှား ရဲ့ မျက်နာအမူ အရာ တွေကတော့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပုံ ပေါ်ပါတယ်။

နည်းပြဆိုးရှားအနေနဲ့ ဒန်နီရယ်ဂျိမ်းနဲ့ ဂရင်းဝုဒ်တို့ကို နေရာပေးကစားသင့်တဲ့အခြေအနေမှာ ရှိပါတယ်။ မာစီရယ်ကတော့ ယူနိုက်တက်နဲ့အတူ ပွဲပေါင်း232ပွဲ ကစားထားပြီး 73ဂိုးသွင်းယူ‌ပေးထား‌ပါတယ်။ တစ်ဖက်မှာတော့ ပြင်သစ်ကစားဖော်တစ်ဦးဖြစ်တဲ့ ချဲလ်ဆီးတုက်စစ်မှုးဂျရူးဒ်ကတော့ ဆီဗီလာနဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူထားကာ ခြေစွမ်းပြနေတာကြောင့် မာစီရယ်အတွက် ပရိတ်သတ်တေ စိတ်ပျက်ခဲ့ရတာလည်းဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှုး ရက်ဖို့ဒ်ကတော့ သွင်းဂိုးခြောက်ဂိုးထိရှိလာပြီး ဒေါ့မွန်အသင်းက ဟာလန်းနဲ့အတူ ချန်ပီရံလိဒ်ဂိုးသွင်းအများဆုံး စာရင်းမှာ ပါ၀င်နေတာလည်းဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER