Sports

တော်မီနေးရယ့် မွေးရာပါပစ္စည်းအကိုင်ခံရတဲ့ အကြောင်းပြောခဲ့တဲ့ နည်းပြဆိုးရှားလ်

ယူနိုက်တက်နဲ့ PSGနဲ့ပွဲစဉ်မှာကတော့ PSGအသသင်းရယ့်တိုက်စစ်မှုး နေမာတစ်ယောက်ဟာ ရန်စွယ်တငေါငေါနဲ့ မိန်းမကြီးလို ရန်တွေ့ကာ ဟန်ဆောင်ကောင်းခဲ့တာ ထိုပွဲစဉ်ကိုကြည့်မိတဲ့သူတိုင်းတွေ့ရမှာဖြစ်ပါတယ်။ တော်မီနေးနဲ့ foulဖြစ်ခဲ့တဲ့ အချိန်မှာလည်း မြက်ခင်းပေါ်လူးလိမ့်ပြခဲ့ပါတယ်။

နေမာဟာ တော်မီနေးရယ့် မွေးရာပါအစိတ်အပိုင်းတွေကို ကိုယ်ခဲ့ပါတယ်။ ဒါပေမယ့် တော်မီနေးဟာ မြက်ခင်းပေါ်လူးလှိမ့်ပြတာမျိုးမရှိခဲ့တာကို တွေ့ရပါတယ်။ထိုအဖြစ်အပျက်အပေါ် ယူနိုက်တက်နည်းပြဖြစ်တဲ့ ဆိုးရှားကတော့”ပြိုင်ဘက်ကစားသမားတွေအကြောင်း ကျွန်တော် မပြောပြချင်ပါဘူး။

ကကစားသမားတွေ က ကျွန်တော်ရယ့် အကြောင်းကောင်းကောင်းကြီးသိပါတယ်။ ဟန်မဆောင်တတ်တဲ့ကစားသမားတွေပဲ ကျွန်တော်က လိုချင်တယ်။ နေမာက တော်မီနေးရဲ့မွေးရာပါအစိတ်အပိုင်းတွေကိုကိုင်လိုက်တဲ့အချိန်မှာ တော်မီနေးအနေနဲ့ မြက်ခင်းပြင်ပေါ်လူးလှိမ့်ခဲ့သင့်တာပေါ့။ ဒါပေမယ့် အဲ့လိုလုပ်တာကြီးကျနော်မလိုချင်ဘူး” ဆိုပြီး ပြောကြားခဲ့ပါတယ်။

ထိုပွဲစဉ်မှာတော့ ယူနိုက်တက်တို့ဟာ အို့ထရတ်ဖို့ဒ်အိမ်ကွင်းမှာ တစ်ဂိုး သုံးဂိုးဆိုတဲ့ ရလဒ်ဖြင့် အရေးနိမ့်ခဲ့တဲ့အပြင် ကွင်းလယ်မှာ ခြေစွမ်းပြသနေတဲ့ ဖရတ်တစ်ယောက်လည်း အနီကဒ် ပြသခံရခဲ့ပါတယ်။ ထို့ကြောင့် ယူနိုက်တက်ဟာ ကျန်ရှိနေတဲ့ ချန်ပီရံလိဒ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လိုက်ဇစ်နဲ့ပွဲစဉ်မှာ ခြေချော်လက်ချော်မဖြစ်ဖို့ အဓိကထားကစားသွားရမှာဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER