Sports

နယူးကာဆယ်အသင်းကို အငှားနဲ့ သွားရောက်ဖို့ရှိနေတဲ့ လူငယ်ကြယ်ပွင့်

နယူးကာဆယ် အသင်းကတော့ ယူနိုက်တက် အသင်းရယ့် လူငယ်နောက်တန်းကစားသမား ဘရန်တန် ဝီလီယျံ ကို အငှားသဘောမျိုးနဲ့ ခေါ်ယူရန် ကြိုးစားလျက်ရှိပါတယ်။ ယူနိုက်တက်အသင်းကို ပေါ်တိုအသင်းက ဘရာဇီးကစားသမား တဲလက်စ်ရောက်ရှိလာပြီးနောက်ပိုင်း ဝီလီယျံအနေနဲ့ အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ်။

တဲလက်စ် မရောက်ခင်က လုခ်ရှော ဒဏ်ရာ ရရှိတဲ့အခြေအနေတိုင်းမှာ ဝီလီယျံ ဟာ အသင်းအတွက် ပွဲထွက်ဖို့ အဆင်သင့် ရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ လူငယ်ကြယ်ပွင့် ဝီလီယျံကို 2024ထိ စာချုပ်သက်တမ်းကျန်ရှိနေပါတယ်။ ဒီလူငယ်ကစားသမားကတော့ အင်္ဂလန် သားဖြစ်တာနဲ့ အညီ ယူနိုက်တက် အကယ်ဒမီထွက်‌ တေဖြစ်တာကြောင့် နယူးကာဆယ်က အပြီးသတ်ရောင်းဖို့ မဖြစ်နိုင်ဖို့ သေချာပါတယ်။

နယူးကာဆယ်နည်းပြကတော့ ပွဲစဉ် ဆယ်ပွဲအပြီးမှာ အဆင့်13မှာ ရပ်တည်နေတာကြောင့် အသင်းအတွက်လိုအပ်တဲ့ လူငယ်ကြယ်ပွင့် ဖြစ်တဲ့ ဒီနောက်တန်းကစားသမားကို ခေါ်ယူဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ကတော့ လူငယ်ကစားသမား ဝီလီယျံ ပွဲထွက်ခွင့်ပေးဖို့ သေချာသလောက်ရှိတာလည်းဖြစိပါတယ်။

အသက်20သာ ရှိသေးတဲ့ ယူနိုက်တက် နောက်တန်းကစားသမား ဝီလီယျံကတော့ ယူနိုက်တက်အသင်းကြီးနဲ့အတူ 35ပွဲကစားထားပြီး တစ်ဂိုး သွင်းယူထားတာလည်းဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER