Sports

ဝေဖန်မှုတွေ အသံတိပ်သွားစေဖို့ အရေးကြီးတဲ့ ယူနိုက်တက်ရယ့် အဝေးကွင်းပွဲစဉ်

ကျွန်တော်တို့ရယ့် ယူနိုက်တက်အသင်းဟာ လာမည့် ပရီမီးယားလိဒ်ပွဲစဉ် 11မှာတော့ ၀က်စ်ဟမ်း အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာဘဲဖြစ်ပါတယ်။ ဒီလန်ဒန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို 2017မှာ နောက်ဆုံးအနိုင်ရရှိခဲ့ပါတယ်။ ဒီရာသီမှာတော့ ယူနိုက်တက်ဟာ အဝေးကွင်ပွဲစဉ်မှာ နိုင်ပွဲဆက်အနေအထားမှာ ရှိပါတယ်။

ယူနိုက်တက်အသင်းဟာ တစ်ပွဲလျော့အနေအထားနှင့် အဆင့်9မှာ ရမှတ် 16မှတ်ဖြင့် ရပ်တည်နေပါတယ်။ ၀က်စ်ဟမ်း အသင်းကတော့ ရမှတ် 17မှတ်နဲ့ အဆင့်ငါးမှာ ရပ်တည်နေပါတယ်။ ယူနိုက်တက်နှင့် အဆင့် သတ်မှတ်မှု ကွာခြားပေမယ့် အမှတ်အားဖြင့် တစ်မှတ်သာ ကွာခြားတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တာကတော့ psgနဲ့ ချန်ပီရံလိဒ် ပွဲစဉ်ဖြစ်ပြီး ရှုံးနိမ့် ခဲ့တာလည်းဖြစ်ပါတယ်။

၀က်ဟမ်းစ် အသင်းကတော့ အက်စတွန် ဗီလာ အသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရထားတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ရယ့် လူစာရင်းကိုကြည့်မယ်ဆိုရင် မာရှယ်ကတော့ ဝေဖန်မှုအောက်ရောက်ရှိနေပြီး ကျန်ကစားသမားတေတော့ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေမှာရှိပါတယ်။ ၀က်စ်ဟမ်း အသင်းကလည်း အဓိက ကစားသမားတေ ပါ၀င်ဖို့အသင့်ရှိတာလည်းဖြစ်ပါတယ်။

၀က်ဟမ်းစ် အသင်းမှာတော့ ဂျရတ်ဘို၀င် က ခြေစွမ်းပြနေပြီး သွင်းဂိုး4ဂိုး အထိ သွင်းယူထားတာလည်း ဖြစ်ပါတယ်။ အိမ်ကွင်းခြေစွမ်းပြနေတဲ့ ၀က်ဟမ်းအသင်းကတော့ အဝေးကွင်းကို နိုင်ပွဲဆက်နေတဲ့ ယူနိုက်တက်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ယူနိုက်တက်တို့ဟာ အနိုင်သုံးမှတ်အတွက် အရေးကြီးတာနဲ့အတူ အားကုန်ကန်သွားတဲ့ ပွဲကောင်းတစ်ပွဲဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER