Local News

မိမိစိတ်ထဲ ကံနိမ့်နေတယ်ထင်ရင် လုပ်ကြည့်သင့်တည့် အရာများ

ကံတွေ နိမ့်နေပါလားလို့ စိတ်ထဲမှာ ဖြစ်ပေါ်လာရင် ဒါလေး လုပ်ကြည့်ပါ ထူးခြား လာတာကို တွေ့ရပါလိမ့်မယ် လောကကြီးမှာ ဘာပဲလုပ်လုပ် အမြဲတမ်းအဆင်ပြေတယ် တစ်သမတ်တည်းဖြစ်နေတယ်ဆိုတာမရှိဘူး အလုပ်အကိုင်တွေလည်း ကောင်းလိုက်မကောင်းလိုက် ကျမ်းမာရေး ကောင်းလိုက် ညံ့လိုက် ဒါမှမဟုတ် စီးပွားရေး ကျလိုက် တက်လိုက် စသဖြင့်ဘဝပင်လယ်ပြင်မှာ ကံကြမ္မာရေလှိုင်း၏ နိမ့်ရာမြင့်ရာအတိုင်း မြောပါနေကြရပေသည်။

အဲလို ကျင်လည်နေကျရတဲ့အတွက် အဆင်ပြေနေရာကနေ ရုတ်တရက် အဆင်မပြေဖြစ်ခြင်းအလုပ်အကိုင် မကောင်းဖြစ်ခြင်း လာဘ်လာဘတ် တိတ်ခြင်းစသည်တို့ကိုတွေ့တဲ့အခါငါကံဆိုးနေပါလား ကံတွေ နိမ့်နေပါလား လို့ စိတ်ထဲမှာ ဖြစ်ပေါ်လာရင် မြတ်စွာဘုရားအား ရည်မှန်းပြီးအောက်ပါအတိုင်း ဘုရားဆွမ်းတော်တင်ပေးပါ အဲဒါလေး လုပ်လိုက်ရင် ထူးခြား လာတာကို တွေ့ရပါလိမ့်မယ်။

တနင်္ဂနွေ

သားသမီးဖြစ်သော် ငှက်ပျောသီး ဆယ်လုံး အခွံနွာ၍ ပန်းကန်ပြား တွင် ထည့်ပါ အပေါ်မှ သကြားဖြူး ပါ။ တနင်္ဂနွေနေ့ နံက် (၉:၄၅) တွင် အိမ်ဘုရားစင်၌ ဆွမ်းတော် ကပ်ပါလေ

တနင်္လာ

သားသမီး ဖြစ်သော် ပန်းကန်လုံးတွင် ဇီးသီးအပြည့် ထည့်၍ တနင်္လာနေ့ နံက် (၉:၄၅)တွင် အိမ်ဘုရားစင်၌ ကပ်လှူပါလေ

အင်္ဂါ

သားသမီး ဖြစ်သော် ကြွေပန်းကန်ပြား အတွင်း၌ လက်ဖက် အသားချဉ်း ငါးပုံ ပုံ၍ အင်္ဂါနေပ နံက် (၉:၄၅) မိနစ်တွင် မိမိ အိမ်ဘုရားစင်၌ ကပ်လှူ ပူဇော်ပါလေ

ဗုဒ္ဓဟူး

သားသမီး ဖြစ်သော် ပန်းကန်ပြား သုံးချပ်၌ ပဲ ပြုတ်များ ထည့်ကာ ဗုဒ္ဓဟူးနေ့နံက် (၉:၄၅) တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပါလေ

ကြာသပတေး

သားသမီးဖြစ်သော် သရက်သီး (၆)စိပ်ကို ကြာသပတေးနေ့ နံက် (၉:၄၅) တွင် မိမိ အိမ်ဘုရား စင်၌ ကပ်လှူ ပူဇော်ပါလေ

သောကြာ

သားသမီး ဖြစ်သော် ဖန်ခွက် ရှစ်ခွက်ဖြင့် နွားနို့ စစ်စစ်ကို အစိမ်း အတိုင်းထည့် ၍သောကြာနေ့ နံက် (၉:၄၅)တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပါလေ

စနေ

သားသမီးဖြစ်သော် အုန်းသီးကို ခြစ်၍ ပန်းကန်ပြား အသေး ရှစ် ပန်းကန်တွင် ခွဲ၍ ထည့်ပြီး စနေနေ့ နံက် (၉:၄၅)တွင် မိမိ အိမ်ဘုရား၌ ကပ်လှူ ပူဇော်ပါလေ။မူရင်းပို့စ်အားကရစ်ဒစ်ပေးပါတယ်။

Unicode



တနငျ်ဂနှေ


တနငျ်လာ


အငျ်ဂါ


ဗုဒ်ဓဟူး






