Local News

သူငယ်ချင်း အချင်းချင်း နောက်ပြောင်မှုလွန်ကဲရာမှ စအိုထဲကိုငါးရှဥ့် ဝင်သွားတဲ့အထိ ဖြစ်ခဲ့ရတဲ့ အမျိုးသား

သူငယ္ခ်င္း အခ်င္းခ်င္း ေနာက္ေျပာင္မႈလြန္ကဲရာမွ စအုိထဲကိုငါးရွဥ့္ ၀င္သြားတဲ့အထိ ျဖစ္ခဲ့ရတဲ့ အမ်ိဳးသား

အမည္ေဖာ္ျပထားျခင္းမရွိတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ သူငယ္ခ်င္းေတြရဲ႕ စေနာက္မႈနဲ႔အတူ မေတာ္တဆ ငါးရွဥ့္တစ္ေကာင္လုံး စအုိထဲအထိ ၀င္သြားတဲ့အျဖစ္ကို ႀကဳံခဲ့ရပါတယ္။ဒီအျဖစ္အပ်က္ဟာ အျခားသူေတြအတြက္ေတာ့ ရယ္စရာ ရြံစရာ ေကာင္းေနပါတယ္။

ဒါေပမယ့္ ကာယကံရွင္အမ်ိဳးသားမွာ ငါးရွဥ့္အရွင္ႀကီး အေကာင္လုိက္ ၀င္သြားတာမုိ႔ ဖ်က္ဖ်က္လူးေအာင္ နာက်င္ခံစားခဲ့ရပါတယ္။ မၾကာမီမွာ သူ႕ကုိ အေပါင္းအသင္းေတြက ေဆး႐ုံပုိ႔ေပးခဲ့ရၿပီး၊ စအုိလမ္းေၾကာင္းကို ဖြင့္ထုတ္ကာ ငါးရွဥ့္ကုိ ဖယ္ထုတ္ခဲ့ရပါ တယ္။ အဲဒီအခ်ိန္ထိ ငါးရွဥ့္ဟာ အသက္ရွင္လ်က္ လူးလြန္လႈပ္ရွားေနဆဲပါ။

နီးစပ္တဲ့အသိုင္းအ၀ုိင္းကေတာ့ သူတုိ႔အဖြဲ႕ဟာ ငါးရွဥ့္ကုိ လိင္ပိုင္းဆုိင္ရာ အာသာအတြက္ အသုံးခ်ခဲ့ပုံ ရၿပီး၊ ဒီလုိနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ စေနာက္ရင္း ငါးရွဥ့္က တကယ္၀င္သြားခဲ့ပုံရတယ္လုိ႔လည္း သိရပါတယ္။ သူရဲ႕ သူငယ္ခ်င္းေတြဟာ သူ႕ကုိ ခ်ဳပ္ေႏွာင္ၿပီး ငါးရွဥ့္ကို အတင္းထုိးထည္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

ကာယကံရွင္အမ်ိဳးသားဟာ ငါးရွဥ့္ကို ဖယ္ထုတ္ဖုိ႔အတြက္ နာရီေတာ္ေတာ္ၾကာေအာင္ ခြဲစိတ္ခဲ့ရၿပီး၊ ခြဲစိတ္ဗြီဒီယုိဖုိင္လည္း ထြက္ေပၚလာခဲ့ပါတယ္။ ဗြီဒီယုိဖုိင္ထဲမွာ ငါးရွဥ့္ကုိ ခႏၶာကိုယ္ထဲကေန တျဖည္းျဖည္း ဆြဲထုတ္တာကိုလည္း ေအာ္ဂလီဆန္ ဖြယ္ရာ ျမင္ေတြ႕ရပါတယ္။

အဲဒီအျဖစ္အပ်က္ဟာ တရုတ္ႏုိင္ငံ အေနာက္ေတာင္ပုိင္း ယီဘင္ၿမိဳ႕မွာ ျဖစ္ပ်က္ခဲ့တာလုိ႔ သိရပါတယ္။ ဗြီဒီယုိကုိလည္း Second People’s Hospital of Yibin က အမ်ားျပည္သူ သတိထားဆင္ျခင္ႏုိင္ဖုိ႔ ထုတ္ျပန္ခဲ့တာလုိ႔ ဆုိပါတယ္။

နတ္စည္ေတာ္ (Shwemom)

Unicode

သူငယ်ချင်း အချင်းချင်း နောက်ပြောင်မှုလွန်ကဲရာမှ စအိုထဲကိုငါးရှဥ့် ဝင်သွားတဲ့အထိ ဖြစ်ခဲ့ရတဲ့ အမျိုးသား

အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသားတစ်ယောက်ဟာ သူငယ်ချင်းတွေရဲ့ စနောက်မှုနဲ့အတူ မတော်တဆ ငါးရှဥ့်တစ်ကောင်လုံး စအိုထဲအထိ ဝင်သွားတဲ့အဖြစ်ကို ကြုံခဲ့ရပါတယ်။ဒီအဖြစ်အပျက်ဟာ အခြားသူတွေအတွက်တော့ ရယ်စရာ ရွံစရာ ကောင်းနေပါတယ်။

ဒါပေမယ့် ကာယကံရှင်အမျိုးသားမှာ ငါးရှဥ့်အရှင်ကြီး အကောင်လိုက် ဝင်သွားတာမို့ ဖျက်ဖျက်လူးအောင် နာကျင်ခံစားခဲ့ရပါတယ်။ မကြာမီမှာ သူ့ကို အပေါင်းအသင်းတွေက ဆေးရုံပို့ပေးခဲ့ရပြီး၊ စအိုလမ်းကြောင်းကို ဖွင့်ထုတ်ကာ ငါးရှဥ့်ကို ဖယ်ထုတ်ခဲ့ရပါ တယ်။ အဲဒီအချိန်ထိ ငါးရှဥ့်ဟာ အသက်ရှင်လျက် လူးလွန်လှုပ်ရှားနေဆဲပါ။

နီးစပ်တဲ့အသိုင်းအဝိုင်းကတော့ သူတို့အဖွဲ့ဟာ ငါးရှဥ့်ကို လိင်ပိုင်းဆိုင်ရာ အာသာအတွက် အသုံးချခဲ့ပုံ ရပြီး၊ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် စနောက်ရင်း ငါးရှဥ့်က တကယ်ဝင်သွားခဲ့ပုံရတယ်လို့လည်း သိရပါတယ်။ သူရဲ့ သူငယ်ချင်းတွေဟာ သူ့ကို ချုပ်နှောင်ပြီး ငါးရှဥ့်ကို အတင်းထိုးထည်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ကာယကံရှင်အမျိုးသားဟာ ငါးရှဥ့်ကို ဖယ်ထုတ်ဖို့အတွက် နာရီတော်တော်ကြာအောင် ခွဲစိတ်ခဲ့ရပြီး၊ ခွဲစိတ်ဗွီဒီယိုဖိုင်လည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ ငါးရှဥ့်ကို ခန္ဓာကိုယ်ထဲကနေ တဖြည်းဖြည်း ဆွဲထုတ်တာကိုလည်း အော်ဂလီဆန် ဖွယ်ရာ မြင်တွေ့ရပါတယ်။

အဲဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယီဘင်မြို့မှာ ဖြစ်ပျက်ခဲ့တာလို့ သိရပါတယ်။ ဗွီဒီယိုကိုလည်း Second People’s Hospital of Yibin က အများပြည်သူ သတိထားဆင်ခြင်နိုင်ဖို့ ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

 

နတ်စည်တော် (Shwemom)